တစ်နှစ်အတွင်း YBS ယာဉ်လိုင်းများအားအရေးယူခဲ့သည့် အမှုသုံးသောင်းကျော်ရှိ

0
120

YBS ယာဉ်တွေ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဆောင်ရွက်စေချင်လို့စည်းကမ်းနဲ့အညီ မောင်းနှင်ဖို့အတွက် ဖမ်းဆီးတာဖြစ်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းအချို့မှ စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုများကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အရေးယူဆောင်ရွက်ခဲ့ရသည့် အမှုပေါင်းသုံးသောင်းကျော်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

ယင်းကာလအတွင်း မှတ်သားဖမ်းဆီးမှု (၂၃၉၈၅) မှု၊ တိုင်ကြားမှု (၈၆၄) မှု၊ Facebook မှ တိုင်ကြားသည့် အမှု(၆)မှု၊ မီးနီဖြတ်မောင်းနှင်မှု (၂၂၀၃) မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၂၅၂၆) မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၃၁၇) မှု၊ မဆင်မခြင်မောင်းနှင်မှု (၆၅၃) မှု၊ အခြားအမှု (၈၅၁) မှု၊ နယ်ကျော်တစ်မှု၊ ရပ်နားချိန်ကြာမြင့်မှု (၅၀၅) မှု၊ ယာဉ်တစ်စီးနှင့် တစ်စီး ယှဉ်ပြိုင်ကျော်တက်မောင်းနှင်မှု (၇၅၂)မှု၊ မချေမငံပြောဆိုမှု (၅)မှု စုစုပေါင်း (၃၂၆၆၈) မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စည်းကမ်းဖောက်တဲ့ ယာဉ်မောင်းတွေကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်တဲ့ဌာနက ဖမ်းဆီးတာတွေရှိပါတယ်။ ဒီနှစ်ထဲမှာဆိုရင် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ အမှုပေါင်း သုံးသောင်းကျော်လောက် ဖမ်းဆီးမှုတွေရှိပါတယ်။ YBS ယာဉ်တွေ စနစ်တကျ ဖြစ်ဖို့။ ယာဉ်မောင်းတွေ စည်းကမ်းနဲ့အညီ မောင်းနှင်ဖို့အတွက် ဖမ်းဆီးတာဖြစ်ပါတယ်။ ကျွန်တော်တို့က ဒဏ်ကြေးငွေ လိုချင်တာ မဟုတ်ပါဘူး။ YBS ယာဉ်တွေ ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဆောင်ရွက်စေချင်တာ ဖြစ်ပါတယ်”ဟု ဦးလျန်ကျင့်မန်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင် ၂၀၂၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၇၇၈) မှုဖြစ်ပွားခဲ့ပြီး (၃၈၇) ဦး ‌ေ-သဆုံးကာ (၇၇၈) ဦး ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်များအတွင်း YBS ယာဉ်လိုင်းအချို့၏ စည်းကမ်းဖောက်ဖျက်မောင်းနှင်မှုများကြောင့် ယာဉ်မတော်တဆမှုအကြိမ် (၇၀) ဖြစ်ပွားခဲ့ကာ (၂၈) ဦး ‌ေ-သဆုံးပြီး (၁၀၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here