YPS စက်များပိတ်ထားသည့် ယာဉ်မောင်းများကို ယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည်

0
118

ယာဉ်စီးခပေးချေရာတွင် အသုံးပြုသည့် YPS စက်များကို ပိတ်ထားပါကညအဆိုပါယာဉ်မောင်းကို ယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။

လက်ရှိတွင် မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့တွင် ယာဉ်မောင်းများအနေဖြင့် YPS စက်များကို ပိတ်ထားခြင်း၊ ကျွတ်ကျွတ်အိတ်များဖြင့် စွပ်ထားခြင်းများကြောင့် တိုင်ကြားမှုများရှိနေကြောင်း YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ယင်းကဲ့သို့ ပြုလုပ်ထားခြင်းကို တွေ့ရှိပါက YRTC သို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး စစ်ဆေးတွေ့ရှိပါက ယာဉ်လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် YPS ကတ်စနစ် အသုံးပြုနိုင်သည့် YBS ယာဉ်လိုင်းပေါင်း (၉၅) လိုင်းနှင့် ယာဉ်အစီးရေ (၃၈၀၀)ခန့်ရှိကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း မိုဘိုင်းဖုန်းဖြင့် QR Code ဖတ်၍ ယာဉ်စီးခပေးချေသည့်စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here