ရန်ကုန်-မန္တ‌လေး လမ်းဟောင်းရှိ ကွင်းချောင်းတံတားကျိုးကျသဖြင့် ဖြတ်သန်းသွားလာ၍ မရတော့ဟုဆို

0
198

ရန်ကုန်-မန္တ‌လေး လမ်းဟောင်းရှိ ညွှတ်ကွင်းမြို့နှင့် အောင်မြင်မြို့ (တောကျွဲအင်း)အကြားရှိ ကွင်းချောင်းတံတားကျိုးကျသွားသည့်အတွက် မော်တော်ယာဉ်များဖြတ်သန်းသွားလာ၍မရတော့ကြောင်း ကုန်တင်ယာဉ်မောင်းနှင်သူများထံက သိရသည်။

ထို့ကြောင့် မော်တော်ယာဉ်များ အားလုံး ညောင်လေးပင်နှင့် ကျောက်တံတားအကြား ကျွန်းကုန်းလမ်းခွဲမှတဆင့် ဖဒိုမြို့ကိုဖြတ်၍ အမြန်လမ်းပေါ် တက်နေရကြောင်း ဆိုသည်။

” တိုက်ပွဲကြောင့် တံတားကျိုးကျတာလို့တော့ပြောသံကြားတယ်။ ကားသေးတွေကကိစ္စမရှိပေမယ့် ကားကြီးတွေအတွက် အရမ်းအခက်အခဲဖြစ်ရတယ်။ အခုတော့လမ်းဘေးဘဲ ခဏချရပ်ထားရတာပေါ့”ဟု ဆိုသည်။

အဆိုပါ တံတားပျက်စီးမှုကြောင့် အုတ်တွင်းဘက်မှ အမြန်လမ်း(၁၃၈)မိုင်ဘက်သို့လာသည့်လမ်းတွင် ယာဉ်များ ကြပ်ကာပိတ်ဆို့မှုဖြစ်ပွားလျက်ရှိသည်ဟုဆိုသည်။

ယမန်နေ့ ဇန်နဝါရီ(၄)ရက်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး၌ တိုက်ပွဲများပြင်းထန်ခဲ့ခြင်းကြောင့် အဆိုပါ လမ်းပိုင်းရှိ ကွင်းချောင်းတံတားဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here