မြောက်ကိုရီးယားက ရုရှားကို ပဲ့ထိန်းဒုံးကျည်များ၊လောင်ချာများထောက်ပံ့ပေးခဲ့ဟုအိမ်ဖြူတော် ဆို

0
128

ဝါရှင်တန်၊ဇန်နဝါရီ ၅

မြောက်ကိုရီးယားသည် ရုရှားနှင့်ယူကရိန်းစစ်ပွဲအတွင်း ရုရှားအသုံးပြုနိုင်ရန် ပဲ့ထိန်းဒုံးကျည်များနှင့်လောင်ချာများ ပေးပို့ထောက်ပံ့ခဲ့သည်ဟု အိမ်ဖြူတော်ကဆိုခဲ့ပြီး ၎င်းလက်နက်များအနက် အချို့ကို ရုရှားကယူကရိန်းအားတိုက်ခိုက်ရာ၌ အသုံးပြုခဲ့သည်ဟုလည်းဆိုခဲ့သည်။

နိုင်ငံတော်လုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကမူ အမေရိကသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်ဖြစ်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

အမေရိကအနေဖြင့် မြောက်ကိုရီးယား၏ ရုရှားသို့လက်နက်ထောက်ပံ့ပေးမှုသည် တင်းမာမှုကိုမြင့်တက်လာစေမည့်သိသာထင်ရှားသောလုပ်ရပ်တစ်ခုဖြစ်ကာ ရုရှားနှင့်မြောက်ကိုရီးယားတို့အကြား လက်နက်လဲလှယ်မှုအဆင်ပြေအောင် ပံ့ပိုးသူများကိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထပ်မံပြုလုပ်သွားမည်ဟုပါပြောကြားခဲ့သည်။

အီရန်အနေဖြင့် တာတိုပစ် ပြင်းအားမြင့်ဒုံးကျည်များအား ရုရှားသို့ထောက်ပံ့ခြင်းမျိုးမလုပ်သော်လည်း ရုရှားသည် နောက်ပိုင်းတွင် အဆိုပါပြင်းအားမြင့်ဒုံးကျည်စနစ်အား အီရန်ထံမှဝယ်ယူမည့်အလားအလာရှိသည်ဟုလည်းသိရသည်။

မော်စကိုသည် ယူကရိန်းအားတိုက်ခိုက်ရန်အတွက် မောင်းသူမဲ့လေယာဉ်များနှင့် အခြားလက်နက်ပစ္စည်းများသယ်ယူရန် အီရန်အပေါ်အကြီးအကျယ်မှီခိုနေရသည်ဟုလည်းဆိုသည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here