ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဒေါ်လာ ၁၆ သန်း ထုတ်ရောင်းပေး

0
164

ယနေ့ ဇန်နဝါရီလ (၅) ရက်၌ နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်းသို့ ဒေါ်လာ ၁၆ သန်း ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ အသိပေးထားသည်။

ဗဟိုဘဏ် အနေဖြင့် နိုင်ငံ‌ခြားငွေကြေး ဈေးကွက်အတွင်း ဒေါ်လာထုတ်ရောင်းပေးရာတွင် ယခုတစ်ကြိမ်သည် ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁) ရက်တွင်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေစျေးကွက်အတွင်းသို့ ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းကို ရောင်းချပေးထားပြီး အမေရိကန်ဒေါ်လာ ၄ သန်း နှင့်ညီမျှသည့် တရုတ်ယွမ်ငွေအား SWAP Facility ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၈) ရက်နှင့် (၂၁) ရက်တွင်လည်းမြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ဒေါ်လာများ ထုတ်ရောင်းပေးထားပြီး ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် Online trading ငွေလဲနှုန်းကို ယခင် ၂,၉၂၀ နှုန်းထား သတ်မှတ်ထားရာမှ Market rate အတိုင်း ဒီဇင်ဘာ (၅) ရက်ကစပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုထားခြင်း ဖြစ်သည်။

ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် အတက်၊အကျမရှိ တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဖြင့် ဈေးငြိမ်နေခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here