ဟောင်ကောင်နှင့် မကာအိုရောက် မြန်မာများ အခွန်ပေးဆောင်ရန် မြန်မာကောင်စစ်ဝန်ရုံးအသိပေး

0
264

ဟောင်ကောင်နှင့် မကာအိုရောက် မြန်မာများအနေဖြင့် လစာဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ပေးဆောင်ကြရန် ဟောင်ကောင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးက အသိပေးကြေညာထားသည်။

အဆိုပါ ဟောင်ကောင်နှင့် မကာအို အုပ်ချုပ်ရေး ဒေသတို့တွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော နိုင်ငံကူးလက်မှတ် PJ နှင့် PS ကိုင်ဆောင်ထားသူများအနေဖြင့် ဇန်နဝါရီ (၂) ရက်မှစတင်၍ အခွန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့်ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်နှင့် မကာအိုတွင် မြန်မာနိုင်ငံသား ၅၀၀၀ နီးပါးရောက်ရှိနေခြင်းဖြစ်ပြီး စက်ရုံ၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကာစီနိုရုံများတွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

ထို့အပြင် တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနှင့် မလေးရှားရှိ မြန်မာသံရုံးများက အခွန်ကောက်ခံမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here