လွတ်လပ်ရေးနေ့တွင် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ပြည်တွင်းခရီးသွား (၆၀၀၀)ကျော် လာရောက်လည်ပတ်

0
177

လွတ်လပ်ရေးနေ့တွင် တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ပြည်တွင်းခရီးသွားဦးရေ (၆၀၀၀) ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း တောင်သမန်တံတားပြုပြင်ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးစိုးဝင်းက ပြောပြချက်အရ သိရသည်။

မန္တလေးမြို့တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစားလည်ပတ်ကြသည့် နေရာများထဲတွင် တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာ တစ်ခုအပါအဝင်ဖြစ်သည်။

“လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်လည်းဖြစ်တာကြောင့် ခရီးသွားလာရောက်လည်ပတ်မှု တော်တော်လေးများတယ်။ တချို့ကလည်း ရန်ကုန်၊ ပြင်ဦးလွင် စတဲ့ နယ်ဝေးဒေသက ခရီးသွားတွေပါ။ လာရောက်လည်ပတ်မှု များပြားပါတယ်။ ပြည်ပက ခရီးသွားဧည့်သည်တွေလည်း လာရောက်လည်ပတ်မှုတွေရှိပါတယ်”ဟု ဦးစိုးဝင်းက ပြောသည်။

ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက တစ်ရက်လျှင် ဦးရေ ၁၀၀၀ ကျော်သာရှိခဲ့သော်လည်း လွတ်လပ်ရေးနေ့တစ်ရက်တည်းတွင် လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွားဦးရေ ၆ဝဝဝ ကျော်ထိရှိကြောင်း သိရသည်။

တောင်သမန်အင်းအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ နေဝင်ဆည်းဆာအလှကို ငှက်လှေများဖြင့် ကြည့်ရှုနိုင်ရန် ငှက်လှေ အစီးရေ ၅ဝ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here