ဂျပန်ငလျင်ဘေး ‌ေ-သဆုံးသူ ၉၄ ဦးအထိရှိလာ၊၂၂၂ ဦးပျောက်ဆုံးနေသေး

0
140

အန်နာမိဇု၊ဇန်နဝါရီ ၅

ဂျပန်နိုင်ငံ၌ ဇန်နဝါရီလ ၁ ရက်နေ့ကလှုပ်ခတ်ခဲ့သောငလျင်ကြောင့် ‌ေ-သဆုံးသူ ၉၄ ဦးအထိမြင့်တက်လာကာ ပျောက်ဆုံးနေသူ ၂၂၂ ဦး အထိရှိလာပြီဖြစ်ကြောင်းသိရသည်။

ကယ်ဆယ်ရေးအဖွဲ့များ၏ဆောင်ရွက်မှုများကြောင့် သက်ကြီးအမျိုးသမီးကြီးနှစ်ဦးအား အောင်အောင်မြင်မြင်ကယ်ထုတ်နိုင်ခဲ့သော်လည်း ရှေ့ရက်များတွင်ဆက်ဖြစ်လာမည့် ရာသီဥတုအခြေအနေများကြောင့် ကျန်ရှိသူများအား ကယ်တင်နိုင်ရန်ရည်မှန်းချက်မှာ မှေးမှိန်လျက်ရှိသည်ဟုလည်းသိရသည်။

နိုတိုကျွန်းဆွယ်ရှိ ဝါဂျီမာဆိပ်ကမ်းမြို့သည် ငလျင်ဘေးအတွင်း အထိအခိုက်အများဆုံးဒေသဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများလည်းများပြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆက်တိုက်လုပ်နေသဖြင့် မူလကပျောက်ဆုံးနေသူ ၂၄၂ ဦးမှ ယခုအခါ ၂၂၂ ဦးသို့ကျဆင်းသွားကြောင်းသိရသည်။ပျောက်ဆုံးနေသူများအနက် ၁၂၁ ဦးသည် ဝါဂျီမာမြို့မှဖြစ်ပြီး ၈၂ ဦးသည် ဆူဇူဒေသမှဖြစ်သည်ဟုလည်းသိရသည်။

လူ‌ေ-သဆုံးမှုသည် ၉၂ ဦးမှ ၉၄ ဦးသို့မြင့်တက်လာပြီး ဒဏ်ရာရရှိသူမှာလည်း မူလက ၃၀၀ ကျော်ရှိရာမှ ယခုအခါ ၄၆၄ ဦးအထိမြင့်တက်လာကာ အိရှီခါဝဒေသ၌ အိမ်ခြေ ၃၀,၀၀၀ ကျော်လျှပ်စစ်မီးပြတ်တောက်နေလျက် အိရှီခါဝ အပါအဝင် ကျန်ဒေသနှစ်ခု၌လည်း အိမ်ထောင်စုပေါင်း ၈၉,၈၀၀ ခန့် ရေပြတ်လပ်နေသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အာရ်အယ်လ်/အာရ်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here