EPS-Topik နှင့် EPS စာမေးပွဲ နှစ်ခုလုံး အောင်ထားသူများ အလုပ်လျှောက်လွှာ တစ်ကြိမ်တည်း တင်ရမည်

0
335

EPS-Topik နှင့် Special EPS-Topik စာမေးပွဲနှစ်ခုလုံးအောင်မြင်ထားသူများအနေဖြင့် အလုပ်လျှောက်လွှာကို တစ်ကြိမ်တည်းတင်ရမည်ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာထားသည်။

လက်ရှိတွင် အဆိုပါ စာမေးပွဲနှစ်ခုလုံးအောင်ထားသူသည် တစ်ရာကျော်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ဖူးသည့် အလုပ်သမားတချို့သည် နောက်တစ်ကြိမ် သွားရောက်လုပ်ကိုင်နိုင်ရန် ပုံမှန် EPS-Topik ကို ဝင်ရောက်ဖြေဆိုခဲ့ခြင်းရှိသလို လုပ်သားဟောင်းများအတွက် သီးသန့်ပြုလုပ်သည့် အထူးစာမေးပွဲကိုလည်း ဖြေဆိုရကြောင်း သိရသည်။

အဆိုပါ စာမေးပွဲနှစ်ခုလုံးဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သူများအနေဖြင့် စာမေးပွဲနှစ်ခုလုံးအတွက် အလုပ်လျှောက်လွှာတင်ခွင့်ရမည်မဟုတ်ဘဲ တစ်မျိုးတည်းသာ ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် Special EPS-Topik စာမေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင်သုံးနှစ်အထက် နေထိုင်လုပ်ကိုင်ခဲ့သူများအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာလုပ်သား ၇၀,၀၀၀ နီးပါးရောက်ရှိ လုပ်ကိုင်နေကြောင်းလည်း အလုပ်သမား ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here