ဂျပန်ငလျင်ကြောင့် အိမ်အောက်ပိတ်မိနေသည့် ၈၀ ကျော်အမျိုးသမီးကြီးအား အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့

0
114

ဂျပန်နိုင်ငံ၊အိရှီခဝါစီရင်စုအတွင်း ဇန်နဝါရီ ၁ ရက်က လှုပ်ခတ်သွားခဲ့သည့်ငလျင်ကြောင့် ဝါဂျိမာမြို့ရှိ ပြိုကျအိမ်တစ်လုံး၏ အပျက်အစီးအပိုင်းအစများအောက်၌ သုံးရက်ကျော်ကြာပိတ်မိနေခဲ့သော အသက် ၈၀ ပြည့်လွန်အဖွားအိုတစ်ဦးကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် ကယ်ဆယ်ရေးတပ်ဖွဲ့များက အသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

ထိုအဖွားအိုအား ဝါဂျိမာမြို့အတွင်း ၎င်း၏တစ်စိတ်တစ်ပိုင်းပြိုကျနေခဲ့သော အိမ်၏အပျက်အစီးများအောက်တွင် ရောက်ရှိနေသည်ကိုတွေ့ရပြီးနောက် ညနေ ၄ နာရီ ၂၈ မိနစ်တွင် ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်ကယ်ဆယ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းအဖွားအားပြန်လည်တွေ့ရှိချိန်သည် နိုတို ကျွန်းဆွယ်ဒေသအတွင်း အင်အားပြင်းငလျင်လှုပ်ပြီးနောက် ၇၂ နာရီနှင့် ၁၈ မိနစ် အကြာတွင်ဖြစ်ကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့ကပြောခဲ့သည်။

အဖွားအိုမှာ အပျက်အစီးများအောက်တွင် သုံးရက်ကျော်ရောက်ရှိနေခဲ့သော်လည်း ကယ်ဆယ်ရေးသမားများဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ကျန်းမာရေးမှာပုံမှန်အခြေအနေတွင်ရှိနေကြောင်းလည်းသိရသည်။

ကျွမ်းကျင်သူများက ဤကဲ့သို့ သဘာဝဘေးကြောင့် အပျက်အစီးများအောက်တွင် လှောင်ပိတ်မိနေသူများအဖို့ ၇၂ နာရီကျော်လာလျှင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ရန် မျှော်လင့်ချက်များစွာနည်းကြောင်းပြောကြားကြသည်။

ကယ်ဆယ်ရေးသမားများက အဖွားအိုအား ပြိုကျနေသော အိမ်အပျက်အစီးအပိုင်းအစများ၏ အောက်တည့်တည့်တွင်တွေ့ခဲ့ကြပြီး သူမအား ဆွဲထုတ်၍ အားပေးစကားများပြောကြားရာ အဖွားအိုကလည်း တုံ့ပြန်စကားများပြောခဲ့သည်ဟုဆိုသည်။

ထို့နောက် အဖွားအိုအား  ထမ်းစင်ပေါ်တင်၍ ဆေးရုံပို့ခဲ့ကြသည်ဟုသိရသည်။

ဂျပန်၌ ငလျင်ကြောင့်‌ေ-သဆုံးသူမှာ ဇန်နဝါရီ ၅ ရက်အထိ ၉၄ ဦးရှိသည့်အနက် ဝါဂျိမာမြို့သည် အထိအခိုက်အများဆုံးဖြစ်ပြီး ယင်းမြို့မှ ၅၅ ဦး‌ေ-သဆုံးခဲ့ကြောင်းလည်းသိရသည်။

Source : သည်အဆာဟိရှင်းဘွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here