ယနေ့ နံနက်အစောပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား

0
254

ယနေ့ ဇန်နဝါရီ(၆)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်းအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉)ရပ်ကွက်၊ မီးဒုံး(၅)လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံကသိရသည်။

အဆိုပါမီးလောင်မှုသည့် နေအိမ်အတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး၊ လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ဘေးချင်းကပ် နေအိမ်နှစ်လုံးမီးလောင်သွားပါတယ်။ အိမ်ငှားထားတဲ့အိမ်ကနေ ဝါယာရှော့ ဖြစ်တာပါ။ ဆုံးရှူံးမှုတန်ဖိုးကတော့မီးသတ်တပ်ဖွဲ့ကဘဲ သိပါလိမ့်မယ်။ လူထိခိုက်မှုမရှိပါဘူး”ဟု မီးလောင်ပြင်သို့ သွားရောက်ကူညီသော သံဝေဂ လူမှုကူညီရေးအသင်း တာဝန်ခံ ကိုသန့်ဇော်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

မီးလောင်မှုမှာ မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့ပြီး၊ မီးလောင်ပြင်သို့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းနှင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းရှိ မီးသတ်ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

ဓာတ်ပုံ -သံဝေဂ လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here