ပြီးခဲ့သည့် လကုန်ပိုင်းက ဈေးအနည်းငယ်ကျခဲ့သော်လည်း လက်ရှိတွင် ပဲစင်းငုံဈေးဆက်တက်နေ

0
189

ပြည်တွင်း ပဲစင်းငုံဈေးနှုန်းများသည် ရက်အနည်းငယ် ဈေးပြန်ကျသွားပြီးနောက် တက်ဈေးဖြင့် ဆက်လက်ရပ်တည်လာကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၇) ရက် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းအရ ၁ တန်လျှင် ကျပ် ၃,၂၉၇,၅၀၀၊ ၂၈ ရက်တွင် ကျပ် ၃,၂၈၀,၀၀၀၊ ၂၉ ရက်တွင် ကျပ် ၃,၂၅၀,၀၀၀၊ ၃၀ ရက်တွင် ကျပ် ၃,၂၂၂,၅၀၀၊ နှစ်သစ်၏ အစ ဇန်နဝါရီလ ၁ ရက်တွင် ကျပ် ၃,၂၃၅,၀၀၀၊ ၂ ရက်တွင် ၃,၂၇၅,၀၀၀၊ ၃ ရက်တွင် ကျပ်
၃,၃၁၅,၀၀၀၊ ၅ ရက်တွင် ကျပ် ၃,၃၆၂,၅၀၀ ဈေးရှိကြောင်း သိရသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပြည်တွင်းပဲစင်းငုံ အသစ်များဈေးကွက်အတွင်း အနည်းငယ် စတင်ဝင်လာသကဲ့သို့ အဓိက ဝယ်လက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံတွင်လည်း ပဲစင်းငုံအသစ်များ ဈေးကွက်အတွင်း စတင်ဝင်လာခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပဲစင်းငုံအသစ် ဝင်လာခြင်း၊ မြန်မာနိုင်ငံမှ ပဲစင်းငုံ ဝယ်ယူတင်သွင်းခြင်းတို့ကြောင့် အိန္ဒိယ ပဲဈေးကွက်အတွင်း၌ ပဲစင်းငုံ ဈေးနှုန်းကျဆင်းသွားနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားကြောင်း သိရသည်။

ယင်းကဲ့သို့ ခန့်မှန်းကြသော်လည်း လတ်တလောတွင် ပဲခွဲစက်များတွင် ပဲလက်ကျန်နည်းပါးခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းမှာ ဆက်လက်တက်မြဲတက်နေကြောင်း သိရသည်။

ဇန်နဝါရီလလယ်လောက်တွင် အိန္ဒိယအစိုးရ၏ တင်ဒါစနစ်များကြောင့် ပဲစင်းငုံဈေးနှုန်းများ ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း ဇန်နဝါရီ (၅) ရက်အထိ ဈေးနှုန်းထုတ်ပြန်ချက်များအရ ပဲစင်းငုံဈေးနှုန်း ဆက်လက်တက်မြဲတက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here