ဂျပန်ငလျင်အတွက် ဘတ်ဂျက်အရန်ငွေ ဒေါ်လာ ၃၃ သန်းကို အသုံးပြုမည်ဟုဆို

0
215
Japan's Prime Minister Fumio Kishida, wearing an emergency disaster uniform, attends a news conference at the prime minister's office in Tokyo on January 4, 2024. - More than 50 people were reported missing on January 4 as Japanese rescuers battled to reach hundreds still cut off from help three days after a devastating earthquake left at least 78 dead. (Photo by Rodrigo Reyes Marin / POOL / AFP)

တိုကျို၊ဇန်နဝါရီ ၅

ဂျပန်သည် နိုင်ငံ၏အနောက်မြောက်ပိုင်း အိရှီခါဝဒေသ၌ဖြစ်ပေါ်ခဲ့သည့် နှစ်သစ်ကူးနေ့က ငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကာမိရန်အတွက် ဘတ်ဂျက်အရန် ဆောင်ထားငွေ ယန်း ၄ ဒသမ ၇၄ ဘီလီယံ (ဒေါ်လာ ၃၂ ဒသမ ၇ သန်း) ကိုအသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါက သောကြာနေ့တွင်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ကီရှီဒါက ဘဏ္ဍာရေးဝန်ကြီး ရှုနိချိဆူဇူကီးအား အရန်ဘတ်ဂျက်တိုးမြှင့်ရန်လိုအပ်သောအဆင့်များကို ဆက်လက်လုပ်ဆောင်ရန်တောင်းဆိုခဲ့သည်ဟုလည်းသိရသည်။

ပြင်းအား ရစ်ခ်တာ စကေး ၇ ဒသမ ၆ ရှိသောငလျင်၏ နောက်ဆက်တွဲပြဿနာများအားကိုင်တွယ်ဖြေရှင်းရန် အစိုးရက ဆောင်ရွက်နေချိန်၌ အစိုးရအဖွဲ့၏အရေးပေါ် ဆောင်ထားရန်ပုံငွေကို လာမည့်သီတင်းပတ်တွင် အတည်ပြုမည်ဖြစ်ကြောင်းလည်း မစ္စတာကီရှီဒါက ကြာသပတေးနေ့တွင်ပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here