စင်ကာပူရှိ MRT ရထားလိုင်း လုပ်ငန်းခွင်တစ်ခုမှာ အမြင့် ၇.၅ မီတာကနေ မြန်မာအလုပ်သမားတစ်ဦးပြုတ်ကျ ‌ေ-သဆုံးမှု ဖြစ်ပွား

0
188

စင်ကာပူနိုင်ငံရှိ MRT ရထားလိုင်းတစ်ခုဖြစ်တဲ့ Jurong Region Line လုပ်ငန်းခွင်တစ်ခုမှာ အပြီးမသတ်ရသေးတဲ့ ပလက်ဖောင်းတစ်ခုရဲ့ ၇.၅ မီတာ အမြင့်ကနေ ပြုတ်ကျကာ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။

နောင်မှာ Gek Poh ဘူတာရုံနေရာဖြစ်လာမယ့် Jurong West Street 75 မှာ မနက် ၂ နာရီခွဲလောက်က မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ပြုတ်ကျခဲ့တဲ့ အလုပ်သမားဟာ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ကို Ng Teng Fong အထွေထွေဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာမှာ ဒဏ်ရာတွေနဲ့ ဆေးရုံမှာပဲ ‌ေ-သဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ရပ်ဖြစ်ပွားအပြီးမှာ ယင်းလုပ်ငန်းခွင်ရှိ လုပ်ငန်းဆောင်တာအားလုံးကို ချက်ချင်းရပ်တန့်ထားတယ်လို့ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(LTA) က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

အလုပ်ခွင်ဘေးကင်းရေး အလုပ်ချိန်ကုန်ဆုံးချိန်ကို လုပ်ငန်းခွင်အားလုံးအတွက် သတ်မှတ်ပေးထားပြီး ယခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေမှာ လူ့စွမ်းအားဝန်ကြီးဋ္ဌာနကို မိမိတို့ အကူအညီပေးနေတယ်လို့လည်း LTA က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အသက်ဆုံးရှုံးခဲ့ရတဲ့ အလုပ်သမားရဲ့ မိသားစုနဲ့ထပ်တူ မိမိတို့ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သူတို့ကို ထောက်ပံ့ကူညီမှုတွေ ပေးအပ်ဖို့ ကန်ထရိုက်တာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဆိုခဲ့ပါတယ်။ အလုပ်သမားဟာ ပြုတ်ကျချိန်က ငြမ်းစင်တည်ဆောက်နေခဲ့ခြင်းဖြစ်တယ်လို့ လူ့စွမ်းအားဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပြောဆိုပါတယ်။

ယခု မတော်တဆမှုဖြစ်ခဲ့တဲ့ လုပ်ငန်းခွင်ရဲ့ အဓိက ကန်ထရိုက်တာဟာ CES-SDC ဖြစ်ပြီး Gek Poh နဲ့ Tawas ဘူတာရုံတွေအပါအဝင် အခြားတည်ဆောက်ရေးတွေကို ဒီဇိုင်းထုတ် တည်ဆောက်ဖို့အတွက် ၂၀၂၀ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၂၂၆.၆ သန်းနဲ့ သဘောတူစာချုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ မြန်မာလုပ်သားရဲ့ အလုပ်ရှင်ကုမ္ပဏီက Jiangxi Construction Development ဖြစ်တယ်လို့လည်း သိရပါတယ်။

Jurong Region Line ဟာ စင်ကာပူရဲ့ သတ္တမမြောက် MRT လိုင်းဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာ အဆင့်သုံးဆင့်ဖြင့် ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here