ကျောက်မဲမြို့ ၊ အမှတ်(၈)ရပ်ကွက်အတွင်း လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

0
235

ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက် အောင်ဆန်းလမ်းရှိ လူနေအိမ်တစ်လုံး ယနေ့ ဇန်ဝါရီ(၆)ရက် နံနက်အစောပိုင်း (၁)နာရီဝန်းကျင်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံသတင်းအရင်းအမြစ်ထံက သိရသည်။

မီးလောင်သည့် နေရာမှာ ထုံးဖိုရပ် အခွန်လွတ်စျေးနှင့် အောင်ပင်လယ် ဆီဆိုင်အနီး ကလေးကစားကွင်းနောက်ကြောကပ်ရပ်ရှိ နေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် မီးစတင်လောင်ကျွမ်းသည့်နေအိမ်တစ်လုံးသာ ဆုံးရှုံးခဲ့ရပြီး၊ ပတ်ဝန်းကျင်နေအိမ်များကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း ဆိုသည်။

မီးလောင်ကျွမ်းမှုအား ကျောက်မဲမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူလူထုက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး ၊ လူထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သိရသည်။

ဓာတ်ပုံ – တောင်ပေါ်သားလေးဖေ့စ်ဘွတ်


LEAVE A REPLY

Please enter your comment!
Please enter your name here