မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ဝင်ရောက်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်

0
187

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများ၊ ဆီစက်လုပ်ငန်းများ၊ စားသုံးဆီလက်လီ/လက်ကား ရောင်းချသူများ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ၊ စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများကို ဖိတ်ခေါ်ထားကြောင်း အဆိုပါအသင်းမှ သိရသည်။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးခန်းအမှတ် (၈၀၃) ၊ UMFCCI အဆောက်အဦ၊ အမှတ်(၂၉) ၊မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်သို့ လာရောက်၍ အသင်းဝင်ရောက်နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရာသက်ပန်အသင်းသား(ရိုးရိုးအသင်းသား) ဝင်ရောက်ရန်အတွက်သန်းခေါင်စာရင်း မိတ္တူ (၁) စောင်၊ မှတ်ပုံတင်မိတ္တူ (၁) စောင်၊ တစ်လက်မပတ်လည် ကာလာဓာတ်ပုံ (၃) ပုံ၊ ရာသက်ပန်အသင်းသား(ရိုးရိုးအသင်းသား) တစ်ဦးအတွက် ၅၀၀၀၀၀ ကျပ်၊ ကဒ်ပြားပြုလုပ်ခ ၉၀၀၀ ကျပ်၊ အသင်းဝင်ကြေးပုံစံ ၁၀၀၀ ကျပ်၊ စုစုပေါင်းပေးသွင်းရန် ၅၁၀၀၀၀
ကျပ် သတ်မှတ်ထားသည်။

အလားတူ ရာသက်ပန်အသင်းသား (ကုမ္ပဏီ)အသစ် ဝင်ရောက်ရန်အတွက် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ (၁) စောင်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်မိတ္တူ (၁) စောင်၊ ကုမ္ပဏီမှကိုယ်စားလှယ်လွှဲအပ်သည့် အစည်းအဝေးမှတ်တမ်းနှင့် ကိုယ်စားလှယ်လွှဲစာ (၁) စောင်၊ ကိုယ်စားလှယ် ဒါရိုက်တာ၏ မှတ်ပုံတင်မိတ္တူ (၁) စောင်၊ တစ်လက်မပတ်လည် ကာလာဓာတ်ပုံ (၃) ပုံ၊ ရာသက်ပန်အသင်းသား (ကုမ္ပဏီ) အတွက် ၂၀၀၀၀၀၀ ကျပ်၊ ကဒ်ပြားပြုလုပ်ခ ၉၀၀၀ ကျပ်၊ အသင်းဝင်ကြေးပုံစံ ၁၀၀၀ ကျပ်၊ စုစုပေါင်းပေးသွင်းရန် ၂၀၁၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အသင်းဝင်အဖြစ် ဝင်ရောက်လိုသူများအနေဖြင့် အသင်းဝင်ကြေးကုန်ကျစရိတ်မှအပ မည်သည့်ကုန်ကျစရိတ်ကိုမျှ ထပ်ဆောင်းပေးချေရန် မလိုအပ်ကြောင်းနှင့် အသေးစိတ်မေးမြန်းလိုပါက တယ်လီဖုန်းနံပါတ် ၀၁၂၃၁၄၂၉၆၂ နှင့် ၀၉၄ ၄၄၄၃၇၂၉၅ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here