YCDC ပိုင် ကြော်ငြာဘုတ်လုပ်ငန်း ဆောင်ရွက်လိုသူများကို ဖိတ်ခေါ်နေ

0
210

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ကြော်ငြာဘုတ်လုပ်ငန်း ဆောင်ရွက်လိုသူများကို လုပ်ကိုင်ခွင့်လာရောက်လျှောက်ထားကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

မြို့တော် နယ်နမိတ်အတွင်း စိုက်ထူထားသော YCDC ပိုင် ၄၅’×၁၅’ ကြော်ငြာဘုတ်များကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်အတွက် ကြော်ငြာတပ်ဆင်လိုသူများသို့ မဲနှိုက်အငှားချထားခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကြော်ငြာလုပ်ငန်းဆောင်ရွက်လိုသူများအနေဖြင့် ကြော်ငြာဘုတ်လျှောက်လွှာကို ဇန်နဝါရီလ (၁၅) ရက်မှ ဖေဖော်ဝါရီလ (၉) ရက်အထိ ရုံးချိန်အတွင်း စီမံရေးရာဌာန၊ လုပ်ငန်းရေးရာဌာနခွဲ၊ လက်ထောက်ဌာနမှူးရုံးခန်း၊ မြို့တော်ခန်းမ၊ တတိယထပ်သို့ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မတ်လ (၅) ရက်နှင့် (၆) ရက်နေ့ နံနက် (၉)နာရီ (၃၀) မိနစ်တွင် မြို့တော်ခန်းမ၊ တတိယထပ်၊ အစည်းအဝေးခန်းမကြီး ၌ မဲနှိုက်အငှားချထားဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စီမံရေးရာဌာန၊ လုပ်ငန်းရေးရာဌာနခွဲ ဖုန်း ၀၉၂၅၀၁၇၉၇၇၉၊ ၀၉၄၅ ၀၀၃၀၆၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here