ဖိလစ်ပိုင်အနေဖြင့် တရုတ်နှင့်သံတမန်ရေးအရဆွေးနွေးရန် လမ်းဖွင့်ထားဟုနိုင်ငံတော်လုံခြုံရေးအကြံပေးပြော

0
184

မနီလာ၊ဇန်နဝါရီ ၅

ဖိလစ်ပိုင်အနေဖြင့် အငြင်းပွားဖွယ်ဖြစ်နေသည့် တောင်တရုတ်ပင်လယ်အရေးအတွက် တရုတ်နိုင်ငံနှင့် သံတမန်ရေးအရဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ကာ နှစ်ဦးနှစ်ဖက် ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးပြီး အဖြေရှာနိုင်လိမ့်မည်ဟုယုံကြည်ကြောင်း နိုင်ငံတော်လုံခြုံရေးအကြံပေးကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း အမေရိကနှင့်ဖိလစ်ပိုင်တို့၏ ပူးပေါင်းကင်းလှည့်မှုများသည် အကြောင်းမဲ့ရန်စခြင်းမျိုးဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပြီးနောက် ၎င်း၏မှတ်ချက်က ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

“အမေရိကနဲ့ကျွန်တော်တို့ရဲ့ ပူးတွဲကင်းလှည့်မှုတွေအပါအဝင် တခြားမဟာမိတ်နိုင်ငံတွေနဲ့ပြုလုပ်မဲ့ပူးပေါင်းလှုပ်ရှားမှုတွေဟာ နိုင်ငံတကာဥပ‌ဒေအ‌ပေါ်အခြေခံပြီး စည်းမျဉ်းတွေနဲ့အညီ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို မြှင့်တင်ဖို့အတွက် အပြန်အလှန်ကတိကဝတ်တွေကို ပြသယုံသက်သက်သာဖြစ်ပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

“ဖိလစ်ပိုင်အနေနဲ့ တရုတ်နိုင်ငံနဲ့သံတမန်ရေးရာ ဆွေးနွေးမှုတွေကို ပွင့်လင်းမြင်သာစွာဆက်လက် ဆောင်ရွက်မှာဖြစ်ပြီး နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုမြှင့်တင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကိုထပ်လောင်း အတည်ပြုပါတယ်” ဟု ပြောသည်။

တရုတ်သည် ကုန်သွယ်ရေးလမ်းကြောင်းမှ နှစ်စဉ်ဝင်ငွေ ‌ဒေါ်လာ ထရီလျံ နှင့်ချီပြီးရရှိသည့် တောင်တရုတ်ပင်လယ်၏ဧရိယာတစ်ခုလုံးနီးပါးကို ၎င်အပိုင်ဖြစ်သည်ဟုအခိုင်အမာဆိုခဲ့ရာ ဖိလစ်ပိုင်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကကန့်ကွက်ခဲ့ကြခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here