ဘင်္ဂလားဒေ့ရှ်၌ ရထားမီးရှို့မှုကြောင့် ၄ ဦး‌ေ-သဆုံး

0
221

ဒါကာ၊ဇန်နဝါရီ ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရထားမီးရှို့မှုကြောင့် လူလေးဦး‌ေ-သဆုံးခဲ့ကြောင်းသိရသည်။‌ေ-သဆုံးသူများထဲတွင် ကလေ-းငယ်လည်းပါဝင်သည်ဟုသိရသည်။

ယခုဖြစ်စဉ်သည် အတိုက်ခံပါတီက လက်မခံဘဲ ဆန္ဒပြနေသည့် ရွေးကောက်ပွဲမကျင်းပမီတစ်ရက်အလိုတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ရာ သံသယရှိဖွယ်လုပ်ရပ်မျိုးလည်းဖြစ်သည်ဟုရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဝန်ကြီးချုပ်အစီနာ၏ အဝါမီပါတီအစိုးရက ဘင်္ဂလားဒေ့ရှ်မျိုးချစ်ပါတီ(BNP) ခေါင်းဆောင်သော အတိုက်အခံများ၏တောင်းဆိုချက်များကို လိုက်လျောခြင်းမပြုဘဲ ဇန်နဝါရီ ၇ ရက်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန်ဆက်လက်စီစဉ်ခဲ့သဖြင့် ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်ဆန့်ကျင်သည့်လုပ်ရပ်များလည်း နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိခြင်းဖြစ်‌ကြောင်းသိရသည်။

BNP ပါတီက ပြည်သူများအား ဆန္ဒမဲမ‌ပေးရန် တောင်းဆိုထားပြီး နိုင်ငံတွင်း၌ စနေနေ့မှစ၍ နှစ်ရက်ကြာ သပိတ်မှောက်ရန်လည်းတောင်းဆိုထားသည်။

ယခုမီးလောင်မှုဖြစ်စဉ်၌ ရထားတွဲလေးတွဲခန့် မီးကူးစက်သွားသောကြောင့်‌ေ-သဆုံးသူလေးဦးအပြင် အခြားရှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယခုရထားမီးရှို့မှုသည် ဒါကာမြို့၏ ဂိုပီဘာ့ဂ်ဒေသတွင် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့သောလုပ်ရပ်မှာအဖျက်အမှောင့်လုပ်ငန်းတစ်ရပ်သာဖြစ်ပြီး မည်သူပြုလုပ်သည်ကို အတိအကျမပြောနိုင်သေးကြောင်း၊ သို့သော် ယခုဖြစ်စဉ်သည် ကြိုတင်ကြံစည်ပြုမှုတစ်ရပ်ဟုယူဆရကြောင်းလည်းသိရှိရသည်။

သို့သော် ယခုလုပ်ရပ်မှာ သာမန်ပြည်သူများ၊ ကလေ-းငယ်များနှင့် အမျိုးသမီးများကိုသာထိခိုက်အန္တရာယ်ဖြစ်စေသည့် လူသားမဆန် သောလုပ်ရပ်သာဖြစ်ကြောင်း၊ ရထားမီးရှို့ခဲ့သူများသည်ခရီးသည်များဟန်ဆောင်ကာလိုက်ပါလာကြခြင်းဖြစ်ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here