ဟားမတ်စ် ဒု-ခေါင်းဆောင် အသ-တ်ခံရမှုအတွက် အစ္စရေး စစ်အခြေစိုက်ခန်းတစ်ခုကို ဒုံးကျည်အတွဲလိုက်ပစ်ကာ လက်တုန့်ပြန်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား

0
204

ဟားမတ်စ် ဒု-ခေါင်းဆောင် သ-တ်ဖြ-တ်ခံရမှုကို လက်တုန့်ပြန်တဲ့အနေနဲ့ စနေနေ့က အစ္စရေး စစ်စခန်းတစ်ခုကို ဒုံးကျည် အစင်း ၆၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က ပြောဆိုပါတယ်။

“ခေါင်းဆောင် ရှိတ် ဆာလက် အယ်-အာရူရီ လုပ်ကြံသ-တ်ဖြ-တ်ခံရတဲ့ ရာဇဝတ်မှုကို ကနဦးလက်တုန့်ပြန်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အစ္စလာမ်မစ် ခုခံတော်လှန်ရေး(ဟစ်ဇ်ဘိုလာ)အဖွဲ့က Meron လေကြောင်းကာကွယ်ရေးစခန်းကို အမျိုးမျိုးသော ဒုံးကျည် ၆၂ စင်းနဲ့ ပစ်ခတ်ခဲ့ပါတယ်” ဟစ်ဇ်ဘိုလာက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် အစ္စရေး-ဟားမတ်စ် စစ်ပွဲစတင်ကတည်းက အစ္စရေး-လက်ဘနွန် နယ်စပ်မှာ နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်မှုတွေ တွေ့မြင်နေခဲ့ရပါတယ်။

ဘေရွတ်မြို့တော်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာရဲ့ အခိုင်အမာနယ်မြေမှာ အာရူရီ သ-တ်ဖြ-တ်ခံလိုက်ရမှုဟာ အစ္စရေးရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြေဆိုပြီး ဒီဖြစ်ရပ်ကြောင့် စစ်ရေးအရှိန်မြင့်တက်လာမယ့် စိုးရိမ်မှုတွေကြီးလာရတယ်လို့ ဆိုပါတယ်။

ဟစ်ဇ်ဘိုလာရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် စနေနေ့က အစ္စရေးမြောက်ပိုင်းက မြို့ကြီး၊မြို့ငယ်တွေတစ်ဝန်းနဲ့ အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်တို့မှာ သတိပေးဥသြသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

စနေနေ့မနက်ပိုင်းမှာ လက်ဘနွန်နယ်မြေထဲကနေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အစင်း ၄၀ ဝန်းကျင်ကို တွေ့ရှိခဲ့ကြောင်းနဲ့ ဒုံးကျည်တွေပစ်လွှတ်ခဲ့ရာ ရန်သူ့စခန်းတစ်ခုကို ၎င်းတို့တပ်တွေက ချေမှုန်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

စနေနေ့အနှောင်းပိုင်းမှာလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်စခန်းတွေကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဟစ်ဇ်ဘိုလာက ပြောဆိုသလို အစ္စရေးကလည်း ယင်းအပေါ် လက်တုန့်ပြန်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

ဒုံးပစ်လွှတ်စခန်းတစ်ခု၊ စစ်ရေးနယ်မြေတွေနဲ့ အကြမ်းဖက်အခြေခံအဆောက်အဦးတွေအပါအဝင် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ အကြမ်းဖက်ပစ်မှတ်များစွာကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here