ရန်ကုန်ဈေးကွက်တွင် အသားတိုးကြက်နှင့် ကြက်နီမဈေးကျနေ

0
321

ရန်ကုန်ဈေးကွက်တွင် အသားတိုး (CP) ကြက်နှင့် ဥတုံးကြက် (ကြက်နီမ) ဈေးကျဆင်းနေကြောင်း အသားတိုးကြက် မွေးမြူရေးလုပ်ငန်းမှ သိရသည်။

အသားတိုးကြက်(CP)အရှင်မှာ ရန်ကုန်ဈေးကွက်တွင် ပြီးခဲ့သည့် တစ်လကျော်အတွင်းနှင့် ယခုအချိန်အထိ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ခန့်နှင့် ဥတုံးကြက်ဈေးနှုန်းမှာ ထက်ဝက်လျော့ကျခဲ့ကြောင်း ကြက်မွေးမြူရေးလုပ်ငန်းမှ သိရသ ည်။

“ကြက်ဖြူက ကြက်အရှင်တစ်ပိဿာ ဆိုရင် ၅၈၀၀ နဲ့ ၆၀၀၀ ကြားမှာရှိတယ်။ အခု ဒီမှာရောင်းတာက ၅၄၀၀ ရောင်းရတယ်။ လက်ကားရောင်းရတာ ကြက်တစ်ပိဿာကို အနည်းဆုံး လေးရာ၊ငါးရာလောက် ရန်ကုန်ဈေးကွက်မှာ လျော့သွားတယ်။ ဈေးနှုန်းက ရန်ကုန်ဈေးကွက်ပေါ် အခြေခံတယ်။ ရန်ကုန်ဈေးကျရင် နယ်ဈေးလည်း လိုက်ပြီးကျသွားတယ်။ ရန်ကုန်ဈေးတက်ရင် နယ်ဈေးလည်း တက်တယ်။ ဒီလတွေထဲမှာ ရန်ကုန်ဈေးက နည်းနည်းနိမ့်တယ်”ဟု ပုသိမ်မြို့မှ အသားတိုးကြက်မွေးမြူရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသ ည်။

မြန်မာနိုင်ငံတွင် အသားတိုးကြက်မွေးမြူရေးလုပ်ငန်း အများဆုံးလုပ်ကိုင်သည့် ဒေသများမှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မော်လမြိုင်၊ မန္တလေးတို့ဖြစ်ကြပြီး အဆိုပါ မြို့များမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြန်လည်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဥတုံးကြက်(ကြက်နီမ) ဈေးကွက်မှာလည်း ရန်ကုန်ဈေးကွက်တွင် ထက်ဝက်နီးပါးခန့် လျော့ကျနေသည်မှာ သုံးလခန့်ရှိကြောင်း ကြက်မွေးမြူရေးလုပ်ငန်းမှ သိရသည်။

“ဥတုံးကြက် (ကြက်နီမ) လည်း ကျနေတယ်။ လက်ရှိ လက်ကားအရှင် တစ်ပိဿာ ဈေးနှုန်း ၃၅၀၀၊ ၃၉၀၀ ပဲရှိတယ်။ အရင်က ၆၇၀၀ တောင်ကျော်သွားတယ်။ အကျကြမ်းတယ်။ အခုတစ်ပိဿာ ၃၉၀၀ လောက်ပဲရှိတယ်။ ထက်ဝက်နီးပါး လျော့ကျသွားတယ်။ နှစ်လကျော် သုံးလလောက်တော့ရှိပြီ”ဟု အသားတိုးကြက်မွေးမြူရေး လုပ်ငန်းပိုင်ရှင်တစ်ဦးက ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here