မြောက်ကိုရီးယားခေါင်းဆောင်က ဂျပန်ငလျင်ဘေး ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာပို့

0
135

နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ရှားရှားပါးပါး အဆက်အသွယ်လုပ်မှုဖြစ်

လူ ၁၀၀ နီးပါး ‌ေ-သဆုံးကာ ၂၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တဲ့ ဂျပန်နိုင်ငံ အီရှီကာဝါ စီရင်စုဒေသမှာလှုပ်ခတ်သွားတဲ့ ငလျင်ကြီးအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဂျပန်ဝန်ကြီးချုပ်ထံ သဝဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

‌ေ-သဆုံး ဒဏ်ရာရခဲ့သူတွေ၊ ကျန်ရစ်သူမိသားစုတွေနဲ့ ဝန်ကြီးချုပ်တို့အတွက် အလွန်စာနာ ဝမ်းနည်းရပါကြောင်း ကင်ဂျုံအန်က ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား KCNA သတင်းဌာနက ဇန်နဝါရီ ၆ ရက်မှာ ဖော်ပြပါတယ်။

ကင်ရဲ့ ကီရှီဒါထံ ပထမဆုံးအကြိမ် သဝဏ်လွှာလို့ ယုံကြည်ရတဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ရှားရှားပါးပါး အဆက်အသွယ်လုပ်ခဲ့မှုမှာ ငလျင်ဒဏ်သင့်ဒေသတွေရှိ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ ပုံမှန်ဘဝတွေကို အမြန်ဆုံး ပြန်လည်ရောက်ရှိမယ်လို့ သူ့အနေနဲ့ ရိုးသားစွာ မျှော်လင့်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

KCNA ရဲ့ သီးခြားသတင်းတစ်ပုဒ်မှာတော့ ယခုသီတင်းပတ်အစောပိုင်းက လူအ‌ေ-သအပျောက်များခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်သမ္မတ အီဘရာဟင် ရိုင်စီထံ ကင်က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ရာမှာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အကြမ်းဖက်ဝါဒ ပုံစံမျိုးစုံကို ဆန့်ကျင်ရပ်တည်ကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ ဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဂျပန်တို့ဟာ သံတမန်ဆက်ဆံရေးထူထောင်ထားခြင်းမရှိသလို ဂျပန်ရဲ့ ကိုရီးယားကျွန်းဆွယ်အပေါ် ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ အထိ ကိုလိုနီပြုခဲ့မှုလုပ်ရပ်အတွက် ပြုံယမ်းက တိုကျိုအပေါ် မကောင်းဆိုးဝါးအဖြစ် ကာလကြာရှည်သတ်မှတ်ထားခဲ့ပါတယ်။

Source: thejapntimes


LEAVE A REPLY

Please enter your comment!
Please enter your name here