သာမညတောင်ခြေရှိ စစ်ရှောင်ပြည်သူ (၁,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီ

0
178

ကရင်ပြည်နယ် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့က ယမန်နေ့ ဇန်နဝါရီ (၆)ရက်တွင် သာမညတောင်ခြေရှိ စစ်ရှောင်ပြည်သူ (၁,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီခဲ့ကြောင်း ယင်းအဖွဲ့၏ သတင်းပြန်ကြားရေးအဖွဲ့ထံကသိရသည်။

ယင်းသို့ ထောက်ပံ့ကူညီမှု ပြုလုပ်ရာ၌ သာမညကျေးရွာ သာယာကုန်းဘုန်းကြီးကျောင်း နှင့်သာမညတောင်ခြေရှိ စစ်ရှောင်ပြည်သူများကို သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စားနပ်ရိက္ခာများအနေဖြင့် ဆန် အပါအဝင် စားသုံးဆီ၊ ဟင်းချက်စရာများ၊အသီးအနှံများနှင့် ခြုံထည်စောင်များအား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။

ကရင်ပြည်နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် စစ်‌ရှောင်ပြည်သူ(၁၀,၀၀၀)ချီအား ခိုလှုံရာစခန်းများအလိုက် ထောက်ပံ့ကူညီပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်းကလည်း ဒေသခံစစ်ရှောင်ပြည်သူ (၆,၀၀၀)ကျော်အတွက် လိုအပ်နေသည့် ဆန်၊ အသီးအနှံ၊ အဝတ်အထည်တို့ကို ထောက်ပံ့ကူညီခဲ့ပြီးဖြစ်သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်နေ့က ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ရှိ ဒေသခံများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများ ရွာလုံးကျွတ်ပြောင်းရွေ့ခဲ့ရသည်။

ထို့ကြောင့် ဒေသအတွင်း ထောက်ပံ့ကူညီမှုများ ပြုလုပ်နေရပြီး၊ ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် သောက်သုံးရေတို့ကို အလှူရှင်များနှင့်ပူပေါင်း၍ ကိုယ်ထူ
ကိုယ်ထ ထောက်ပံ့ကူညီနေကြခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here