အညာဒေသ စစ်ရှောင်များအနက် မြွေကိုက်လူနာအပါအဝင် လူနာ(၁၀၀) ဦးခန့် ဆေးဝါးကုသပေးနေရဟု S&C. အဖွဲ့ ဆို

0
342

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း၌ပင် အညာဒေသရှိ စစ်ဘေးရှောင်များအနက် မြွေကိုက်လူနာအပါအဝင် လူနာပေါင်း (၁၀၀)ဦးခန့်ကို ဆေးဝါးကုသပေးနေရကြောင်း စစ်ဘေး မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ (S&C) အဖွဲ့ထံက သိရသည်။

ဇန်နဝါရီလ (၃)ရက်နေ့တွင် လူနာ(၂၀)၊ ဇန်နဝါရီ (၄)ရက်တွင် လူနာ (၂၁)ဦးနှင့် ဇန်နဝါရီ (၅)ရက်တွင် လူနာ (၅၁)ဦး စုစုပေါင်း (၉၂)ဦးအား ဆေးဝါးကုသပေးခဲ့ရကြောင်း ဆိုသည်။ ယင်းလူနာများအနက် မြွေကိုက်ခံရသူ လူနာများပါဝင်နေကြောင်း သိရသည်။

လက်ရှိအချိန်အထိ ဒီပဲယင်းမြို့နယ် အတွင်း မြွေကိုက်ခံရသူပေါင်း( ၃၂)ဦးကို မြွေဆိပ်ဖြေဆေးထိုးနှံကာ ကုသပေးခဲပြီဖြစ်ကြောင်း S&C အဖွဲ့၏ အသိပေးချက်များအရ သိရသည်။

စစ်ဘေး မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ (S&C)သည် အညာ‌ဒေသ ပဋိပက္ခ ဖြစ်ပွားနေသောနေရာများတွင် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးကိစ္စရပ်များကို ထောက်ပံ့ကူညီနေသော အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

ပြီးခဲသောနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်ရှောင်ပြည်သူ (၄၀၀) ထက်မနည်းအတွက် အနွေးထည် ၊ နှစ်ထပ်ဂွမ်းစောင်နှင့် အစားအသောက်များကိုလည်း လှူဒါန်းထောက်ပံ့ခဲ့သည်။

ထို့အတူ အညာဒေသ စစ်ရှောင်ပြည်သူများအတွက် ရွှေ့လျားအိမ်(၁,၀၀၀) လုံးအား ဆောက်လုပ်လှူဒါန်းရန် စီစဉ်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here