မြန်မာနိုင်ငံမှ ကျေးရွာ (၃) ရွာကို အာဆီယံကျေးရွာကွန်ရက်စီမံကိန်း စတင်အကောင်အထည်ဖော်မည်

0
198

မြန်မာနိုင်ငံအတွင်း အာဆီယံ ကျေးရွာကွန်ရက် ထူထောင်ရေးစီမံကိန်းကို နိုင်ငံတော်အစိုးရက ကျေးရွာ (၃)ရွာ ရွေးချယ်၍ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းမှာ နိုင်ငံစီးပွားမြှင့်တင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ (၃)ရွာမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ မြင်းကပါကျေးရွာကို ခရီးသွားလုပ်ငန်းကျေးရွာ၊ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ သော်မှော်ကုန်းကျေးရွာကို ဒစ်ဂျစ်တယ်ကျေးရွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းပေါခုံကျေးရွာကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု လုပ်ငန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်း ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်မည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ မြင်းကပါကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းဆွေးနွေးပွဲကိုလည်း ဇန်နဝါရီ (၄) ရက် ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံကျေးရွာကွန်ရက်စီမံကိန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းဖော်ဆောင်ရာတွင် ကျေးရွာပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တာဝန်များ၊ စီမံကိန်းလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက် အောင်မြင်စေရေး စီမံကိန်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here