ဂါဇာကမ်းမြှောင်ရှိ ဒုက္ခသည်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၁၇ ဦး ‌ေ-သဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

0
165

ဂါဇာကမ်းမြှောင်တောင်ဘက်ရှိ ခန်းယူနစ်စ်(Khan Yunis)ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါအဝင် အနည်းဆုံး လူ ၁၇ ဦး ‌ေ-သဆုံးပြီး အခြားသူများ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာန ရုပ်မြင်သံကြားက ဖော်ပြထားသည်။

အယ်လ်ဂျာဇီးရားသတင်းဌာနက “အစ္စရေးလေယာဉ်များသည် အိုးအိမ်မဲ့ ပါလက်စတိုင်းများ အများအပြားရှိသော အိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။

စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူလေးဦး ‌ေ-သဆုံးခဲ့ကြောင်း ကုလ ပါလက်စတိုင်း ကယ်ဆယ်ရေးအေဂျင်စီ al-Magazhi ကလည်း အစီရင်ခံစာတစ်ခုတွင်ရေးသားထားသည်။

ဂါဇာကမ်းမြှောင် အခြေစိုက် အစွန်းရောက် ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ် စစ်သွေးကြွများက အစ္စရေး ပိုင်နက်အတွင်းသို့ မမျှော်လင့်ပဲ ကျုးကျော်ဝင်ရောက်ခဲ့ပြီးနောက် ၂၀၂၃နှစ် အောက်တိုဘာလ ၇ရက်နေ့မှစတင်ကာ အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ထပ်မံ မြင့်တက်လာခဲ့သည်။ ဟားမတ်စ်တို့က ၎င်းတို့၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ဟောင်းရှိ ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီကို အစ္စရေးအာဏာပိုင်များ၏ ပြင်းထန်သော လုပ်ရပ်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို အလုံးစုံ ဝိုင်းရံထားသည်ဟု ကြေညာပြီး ထိုနေရာတွင် စစ်ရေးအရ စစ်ဆင်ရေး စတင်ခဲ့သည်။ အစ္စရေးသည် ထိုနိုင်ငံများမှ ပေါ်ပေါက်လာသော တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့၏ အစိတ်အပိုင်းများကိုလည်း တိုက်ခိုက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here