OWIC ပြုလုပ်ခွင့်တင်ပြသည့် အေဂျင်စီများအတွက်အသိပေးချက်

0
140

မလေးရှားနိုင်ငံသို့ စေလွှတ်ရန်  ပြည်ပအလုပ်အကိုင် အလုပ်သမားကဒ်(OWIC)ပြုလုပ်ခွင့်တင်ပြသည့် အေဂျင်စီများအနေဖြင့် သတ်မှတ်ထားသည့် ဇယားပုံစံအတိုင်း Excel File ကိုတွဲထည့်ပေးရန် လိုအပ်ပြီး မပါရှိပါက ခွင့်ပြုပေးမည်မဟုတ်ကြောင်း Safe Migration ကအသိပေးထားသည်။

ထို့ပြင် စာရင်းပေးသွင်းရာတွင်လည်း အလုပ်သမားအမည်နှင့် နိုင်ငံကူးလက်မှတ်ကို လုံးဝမမှားစေရန်၊ အလုပ်အကိုင်အမျိုးအစားကို သံအရာရှိထောက်ခံချက် အတိုင်းရေးပေးရန်သတိပေးထားသည်။

အလားတူ One Stop Service တင်ရာတွင်လည်း Excel ဖိုင်ကို ယခင်သတ်မှတ်ထားသည့် ပုံစံအတိုင်းထည့်ပေးရမည်ဖြစ်ပြီး လုပ်သားဦးရေအလွန်များပြားသည့်အတွက် File size ကြီးနေပြီး Email ပေးပို့ရန်ခက်ခဲနေပါက နိုင်ငံကူးလက်မှတ်များတစ်ဖိုင်၊ စာချုပ်တစ်ဖိုင်၊ အပေါ်ဆုံးတစ်ရွက် နောက်ဆုံးတစ်ရွက်ကိုခွဲပြီး PDF File ဖြင့်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ယင်းအပြင် စေလွှတ်ရေးလုပ်ငန်းစဉ်တင်ပြရာတွင်လည်း အပေါ်စာ၊ သံအရာရှိစာ၊ Demand Letter၊ KTN  ၊ KSN ၊ AC ၊ Calling Visa ၊ လိုင်စင်မိတ္တူကိုသာ PDF File ပြုလုပ်ပြီးပေးပို့နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here