ခရီးသွားဧည့်သည်များကိုပိုဆွဲ​​ဆောင်နိုင်​ရေး ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (DMO) များ ဖွဲ့စည်းဆောင်ရွက်နေ

0
138

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေး၊လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (De stination Management Organization-DMO)များကို ဖွဲ့စ ည်းဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ သွားရောက်၍ ပုသိမ်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့(Destination Manag ement Organization – DMO)၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများနှင့် ပုသိမ်ဟိုတယ်၌ တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများထဲတွင် ခရီးသွားဆွဲဆောင်မှုများစွာကို ပိုင်ဆိုင်ထားသော တစ်ခုဖြစ်ပြီး ကုန်းလမ်းခရီးနှင့် ရေလမ်းခရီးတို့ဖြင့် သွားလာလည်ပတ်နိုင်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်ပြီး အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောကြားခဲ့သည်။

ထို့အပြင် ဒေသအလိုက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (DMO)များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက တက်ညီလက်ညီ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here