စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ ၄၉၅၅ ကျပ်ဖြင့် သုံးပတ်ဆက်တိုက် ဈေးငြိမ်နေ

0
235

စားအုန်းဆီအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၄၉၅၅ ကျပ်ဖြင့် သုံးပတ်ဆက်တိုက်ဈေးငြိမ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဇန်နဝါရီလ (၈)ရက်မှ (၁၄)ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၉၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် တစ်ပါတ်တွင်လည်း စားအုန်းဆီ ရည်ညွှန်းဈေး တစ်ပိဿာ ၄၉၅၅ ကျပ် သတ်မှတ်ထားပြီး ယင်း၏ရှေ့တစ်ပါတ်တွင်လည်း တစ်ပိဿာ ၄၉၅၅ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ ၇၅၀၀ ကျပ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

ယင်းသို့ သတ်မှတ်ရာတွင် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေး နှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန် ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ သတ်မှတ်ပေးနေခြင်းလည်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြ င်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန် စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here