အဝါရောင်လိုင်း စတေကာ မတပ်သည့် တက္ကစီများကို ဒဏ်ကြေးကောက်ခံမှု ဖေဖော်ဝါရီ (၁) ရက် စမည်

0
173

လာမည့် ဖေဖော်ဝါရီ (၁) ရက်မှစတင်ပြီး အဝါရောင်လိုင်းစတေကာ မတပ်သည့် တက္ကစီများကို စတင်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှသိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီယာဉ်များကို ဘေးနှစ်ဖက်၌ အဝါရောင်စတေကာများ တပ်ဆင်ရန် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၁၂) ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပညာပေးကာလအဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁)ရက်မှ ၂၀ ၂၄ ခုနှစ် ဇန်နဝါရီ (၃၁) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်သည်။

အလားတူ ရန်ကုန်မြို့တွင်း၌ နယ်ကျော်တက္ကစီယာဉ်များဖြစ်သည့် ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ တက္ကစီအငှားယာဉ်များ မောင်းနှင်မှုများကို တွေ့ရှိရသည့်အတွက် တန်းတူညီမျှဖြစ်စေရန် ၎င်းတို့ကိုလည်းဘေးနှစ်ဖက်ဘေးအဝါရောင်စတေကာ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ နယ်လိုင်စင်တက္ကစီယာဉ်များအနေဖြင့် ပညာပေးကာလကျော်လွန်ပြီး အဝါရောင်လိုင်း စတေကာမတပ် ဆင်ထားပါက ဒဏ်ကြေးငွေအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှလည်း ဘီးခွန်ပါ ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

YRTC  မှ အဝါရောင် လိုင်းစတေကာတပ်ဆင်ပြီးစီးမှု ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းအစီးရေ ၄၂၀၀၀ ခန့် တပ်ဆင်ပြီးစီးကာ စီးတီးတက္ကစီယာဉ်အဖြစ် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၅၈,၄၈၁ စီးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here