တညင်းကုန်းဈေးဝင်းအတွင်း ဆိုင်ကယ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိရာမှအမျိုးသား (၂)ဦး ဒဏ်ရာအပြင်းအထန်ရ

0
134

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးဝင်းအတွင်း၌ ဆိုင်ကယ်နှင့် လိုက်ထရပ်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသား (၂) ဦး အနီရောင်အဆင့်နှင့် အဝါရောင်အဆင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၈)ရက်၊ မွန်းလွဲ (၃)နာရီ (၁၅)မိနစ်အချိန်ခန့်က တညင်းကုန်းဈေးဝင်းအတွင်း ဆိုင်ကယ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း ဈေးတာဝန်ရှိသူ တစ်ဦးမှ ဆက်သွယ် အကြောင်းကြားချက်အရ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“တညင်းကုန်းဈေးဝင်းအတွင်း ဆိုင်ကယ်နဲ့ လိုက်ထရပ်ယာဉ် တိုက်မိတယ်လို့ ဈေးတာဝန်ရှိသူ တစ်ဦးက အကြောင်းကြားလာလို့ လူနာတင်ယာဉ် နှစ်စီးနဲ့ အချိန်မီ သွားရောက်ပြီး ဒဏ်ရာရတဲ့ အမျိုးသား နှစ်ဦးကို မြေပြင်ရှေးဦးပြုစုပေးပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့က ဆိုသည်။

ဖြစ်စဉ်အရ တွဲလက်လူမှုကူညီရေးအဖွဲ့မှ အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ် (၂)စီးဖြင့် အချိန်မှ သွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းနှင်သူ (၄၄)နှစ် အရွယ် အမျိုးသား (၁)ဦးမှာ ဘယ်လက်ပြင် ညှပ်ရိုးကျိုး၊ မျက်နှာ ပွန်းပဲ့၊ ဘယ်မျက်ခုံးကွဲ ဒဏ်ရာများနှင့် အောက်ပိုင်း လှုပ်ရှား၍ မရဘဲ သတိမေ့ အနီရောင်အဆင့် (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အသက် (၄၆)နှစ်ဝန်းကျင်ရှိ အမျိုးသား တစ်ဦးမှာ ဘယ်မျက်ခုံးကွဲ၊ ဘယ်ဦးချိုစောင်းကွဲ၊ ဘယ်လက်ကျိုး၊ အဝါရောင်အဆင့် ထိခိုက်ဒဏ်ရာ (မစိုးရိမ်)ရအား တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ကျ VLOUNTEER များမှ မြေပြင်ရှေးဦးပြုစုပေး၍ လူနာတင်ယာဉ် (၂)စီးဖြင့် သယ်ဆောင်ကာ အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here