တရုတ်နှင့် ဂျာမန် ပူးပေါင်းအဖွဲ့ အလွန့်အလွန်သေးငယ်ပြီး ပျော့ပျောင်းသော စက်ရုပ်ကို တီထွင်

0
208

ကြာသပတေးနေ့က Nature Nanotechnology ဂျာနယ်တွင်ဖော်ပြထားသော လေ့လာမှုစာတန်းတစ်ခုအရ လူ့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တစ်ခုကို အာရုံခံကိုင်တွယ်လေ့လာနိုင်သော အလွန့်အလွန်သေးငယ်၍ ပျော့ပျောင်းသည့် နာနိုစကေးစက်ရုပ်တစ်မျိုးကို တရုတ်နှင့် ဂျာမန် ပူးပေါင်းအဖွဲ့တစ်ဖွဲ့က တီထွင်နိုင်ခဲ့ကြကြောင်း သိရသည်။

တရုတ်သိပ္ပံအကယ်ဒမီလက်အောက်ရှိ Shenzhen Institutes of Advanced Technology (SIAT) မှ သုတေသီများ၊ ဂျာမနီနိုင်ငံ Leibniz Institute for Solid State and Materials Research Dresden နှင့် Chemnitz University of Technology တို့မှ သုတေသီများသည် အလွန်အာရုံခံစားမှုကောင်းပြီး အရွယ်အစားလွန်စွာသေးငယ်သည့် သံလိုက်စပရိန်စနစ်ကို တီထွင်နိုင်ခဲ့ကြသည်။

“နာနိုစကေးအရွယ်အစားရှိ စနစ်သည် ဆဲလ်တစ်ခု၏ ဆွဲငင်အား၏ တစ်ထောင်ပုံတစ်ပုံနှင့် ညီမျှသော အာရုံခံနိုင်စွမ်းရှိသည်” ဟု သုတေသီ Xu Haifeng က ပြောကြားခဲ့သည်။

အဆိုပါ စက်ရုပ်ကို မည်သည့်ပုံသဏ္ဍာန်သို့မဆို စိတ်ကြိုက်ပြောင်းလဲနိုင်ပြီး သုတ်ပိုးများလှုပ်ရှားမှုအာရုံခံကိရိယာ၊ ဆဲလ်များကို ကိုင်တွယ်ရန်နှင့် လူ့ခန္ဓာကိုယ်တွင်းအခြားကိစ္စအမျိုးမျိုးကိုဆောင်ရွက်ရန် အသေးစားစက်အဖြစ် အသုံးပြုနိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here