ရေတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်အား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီး အဖြစ်ခန့်အပ်

0
800

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်အား အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်‌ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်အပ်ခန့်အပ်လိုက်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ (၈) ရက်တွင် နစက၏ အမိန့်အမှတ် (၃ /၂၀၂၄) နှင့် (၄/၂၀၂၄) တို့အရ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရာထူးပြောင်းလဲခန့်အပ်လိုက်ခြင်းဖြစ်သည်။

ယနေ့ ထုတ်ပြန်သည့် နစက၏ အမိန့်အမှတ် (၃/၂၀၂၄) တွင် ဦးကိုကိုလှိုင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးအောင်နိုင်ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးအဖြစ်နှင့် ဗိုလ်ချုပ်ကြီး မိုးအောင်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း အသီးသီးခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဗိုလ်ချုပ်ကြီး မိုးအောင်အား နစက၏ အမိန့်အမှတ် (၄/၂၀၂၄) အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတို့အား အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဘက်ပေါင်းစုံမှလေ့လာ သုံးသပ် အကြံပြုနိုင်ရန်အတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ အစား ခန့်အပ်တာဝန်ပေးလိုက်ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်ကြီး မိုးအောင်၏ ယခင်တာဝန်ဖြစ်သည့် ရေတပ်ဦးစီးချုပ်နေရာတွင် စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ)ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲ၀င်းမြင့်ကို အစားထိုးပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here