မြန်မာ့ရိုးရာ မြင်းစီးအားကစားပွဲတော် (၉)ရက်တိုင် ခမ်းနားစွာ ကျင်းပမည်

0
1872

မြန်မာ့ရိုးရာ မြင်းစီးအားကစားပွဲတော်ကို (၉)ရက်တိုင် ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

မြင်းစီအားကစားပွဲတော်အား ဖေဖော်
ဝါရီ(၄)ရက်နေ့မှ စတင်၍ ဖေဖော်ဝါရီ (၁၂)ရက် (ပြည်ထောင်စုနေ့)အထိ ကျင်းပမည်ဖြစ်ပြီး၊ ပြိုင်ပွဲများ တဆက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ အားကစားပွဲတော်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု အားကစားသမားများ၊ မြင်းများသည် ယခုလ ဇန်နဝါရီ (၂၅)ရက်နေ့တွင် နောက်ဆုံးထားပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် သတ်မှတ်ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်၍ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများထုတ်ယူစာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ခုကို ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊ မြင်းစီအားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးပြုံးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီဥက္ကဋ္ဌ ဦးသန့်စင်မိုးဦးဆောင်သောကော်မတီဝင်များနှင့်တွေ့ဆုံပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်များ မြန်မာ့ရိုးရာမြင်းစီးအားကစားပွဲတော်ကြီးကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြိုင်ပွဲများကို စနစ်တကျ ယှဥ်ပြိုင်နိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားသမားများ မြင်းများဖိတ်ကြားရေး၊သတ်မှတ်ပြိုင်ပွဲများအပြင် သရုပ်ပြမြင်းစီးနည်းများထည့်သွင်းကျင်းပရေး၊ပွဲတော်ရက်အတွင်းအနယ်နယ်အရပ်ရပ်မှမြင်းဝါသနာရှင်များအား အပြည်ပြည်ဆိုင်ရာမြင်းထိန်းသိမ်းစောင့်ရှောက်နည်း (Grooming)ကိုစနစ်တကျသင်ကြားနိုင်ရေး၊မြန်မာ့ရိုးရာမြင်းစီးအားကစားပွဲတော်အဖြစ်ကျင်းပသော်လည်း အပြည်ပြည်ဆိုင်ရာတန်းခုန်ပြိုင်ပွဲ(Show Jumping) နှင့် မြင်းအလှစီး(Dressage) ပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here