တိရစ္ဆာန်များအား ဟောင်ကောင်သို့ခိုးသွင်းရန်ကြိုးပမ်းခဲ့သည့် ရာဇ၀တ်ဂိုဏ်းအား သြစတြေးလျရဲတပ်ဖွဲ့ဖမ်းဆီး

0
2253

ဆစ်ဒ်နီ၊ဇန်နဝါရီ ၈

သြစတြေးလျအခြေစိုက် ရာဇ၀တ်ဂိုဏ်းတစ်ခုသည် ဒေါ်လာ ၈၀၀,၀၀၀ ကျော်တန်ဖိုးရှိ တွားသွားသတ္တဝါများ ရောင်းဝယ်ဖောက်ကားမှုအားပြုလုပ်ခဲ့‌ကြောင်းသိရသည်။

၎င်းတို့သည်ရာနှင့်ချီသော တွားသွားသတ္တဝါများအားဟောင်ကောင်သို့ ခိုးသွင်းရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဩစတြေးလျရဲတပ်ဖွဲ့က တနင်္လာနေ့ (ဇန်နဝါရီ ၈ ရက်)တွင်ပြောကြားခဲ့သည်။

တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ်စက်တင်ဘာလက ပုတ်သင်ညို ၅၉ ကောင်ပါဝင်သည့် အထုပ် ၉ ထုပ်အား ဖမ်းဆီးရမိပြီးနောက် အဆိုပါတိရစ္ဆာန်ရောင်းဝယ်ရေးဂိုဏ်းအား စုံစမ်းနေခဲ့ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ယင်းနောက် ၎င်းတို့သည် ဆစ်ဒ်နီတခွင်ရှိ နေရာအများအပြား၌ ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ မြွေအနည်းငယ်နှင့် မပေါက်သေးသည့်ဥများအား ရှာတွေ့ခဲ့သည့်အပြင် ဖွတ်အကောင်ရေ ၂၅၀ ကျော်ကိုပါရှာဖွေတွေ့ရှိခဲ့သည်ဟုလည်းဆိုသည်။

ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ဖွတ်၊ပုတက်နှင့်ကင်းလိပ်ချောစသည့် တွားသွားသတ္တဝါလေးများအား ၎င်းတို့ရှာတွေ့ချိန်၌ ဘူးသေးသေးထဲတွင် ကျပ်ကျပ်သပ်သပ်ထည့်ထားခြင်းမျိုးဖြစ်သဖြင့် တိရစ္ဆာန်လေးများ၏အခြေအနေမှာဆိုးရွားနေခဲ့သည်ဟုလည်းသိရသည်။

မှောင်ခိုဈေးကွက်တွင်မူ ပုတ်သင်တစ်ကောင်၏တန်ဖိုးသည် ဩစတြေးလျဒေါ်လာ ၅,၀၀၀ (ကန်ဒေါ်လာ ၃,၃၆၀) ခန့်အထိပေါက်ဈေးရှိပြီး ယခုဖမ်းဆီးရရှိသည့် သတ္တဝါများ၏တန်ဖိုးမှာ ဩစတြေးလျ‌ဒေါ်လာ ၁ ဒသမ ၂ သန်းအထိရှိသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here