ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင် ယာဉ်တစ်စီး လမ်းလယ် ဘလောက်တုံးများအား ဝင်တိုက်မိပြီး အမျိုး သား(၁)ဦး ဒဏ်ရာရ

0
116

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂ ၉/၃) ရသေ့ကျေးရွာအနီးတွင် ခရီးသည်တင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ ဘလောက်တုံးများအား ဝင်တိုက်မိခဲ့သည့်အတွက် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ 

ယနေ့ ဇန်နဝါရီ (၉)ရက် နံနက် (၅)နာရီခွဲ အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်၍ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁၄)ဦး၊ အမျိုး သမီး (၆)ဦး စုစုပေါင်း(၂၀)ဦး အနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) အား လူနာတင်ယာဉ်ဖြင့် တံတားဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here