ကစားသမား ဘဝဖြင့်သာမက နည်းပြဘဝဖြင့်ပါ ကမ္ဘာ့ဖလားရရှိခဲ့သည့် ကစားသမား ၂ ဦးလုံး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါး

0
183

ကစားသမား ဘဝဖြင့်သာမက နည်းပြဘဝဖြင့်ပါ ကမ္ဘာ့ဖလား (၄) ကြိမ် ရရှိခဲ့တဲ့ ဘရာဇီးဂန္ထဝင် မာရီယိုဇာဂါလို ကွယ်လွန်ပြီး မကြာခင်မှာပဲ ဂျာမနီဘောလုံးလောက၏ ဂန္ထဝင်တစ်ဦးဖြစ်သည့် ဘက်ကင်ဘောင်ဝါသည်လည်း အသက် (၇၈ )နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ဖရန်ဇ် ဘက်ကင်ဘောင်ဝါသည် ဂျာမနီ၏ ဘောလုံး ဂန္ထဝင်၊ ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်သာမက နည်းပြ အဖြစ်နဲ့ပါ ရဖူးသူကြီး ၊ ဘောလုံး သမိုင်း၏ အကောင်းတကာ့ အကောင်းဆုံး နောက်တန်း ကစားသမားအဖြစ်သတ်မှတ်ခံရသူ ၊ “Der Kaiser – The Emperor” ဟု ဂုဏ်ပြုမှည့်ခေါ် ခံရသူ ၊

World Cup, Balloon d’or, Champions League ၃ ခုစလုံး ရယူဖူးသည့် ရှားပါး ကစားသမား (၉) ဦးထဲမှ တစ်ဦးလည်းဖြစ်သည်။ 

ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်ဖြင့် သာမက နည်းပြအဖြစ်နှင့်ပါ ဆွတ်ခူးနိုင်သူဟူ၍ မာရီယို ဇာဂါလို – (၁၉၅၈ – ၁၉၇၀) ဖရန်ဇ် ဘက်ကင်ဘောင်ဝါ – (၁၉၇၄ – ၁၉၉၀) ဒီဒီရာ ဒက်စ်ချမ့်စ် – (၁၉၉၈ –  ၂၀၁၈) တို့ ၃ ဦးသာ မှတ်တမ်းတင်နိုင်ခဲ့ပြီး အသက်ရှင်ကျန်သူဟူ၍ ဒီဒီရာ ဒက်စ်ချမ့်စ်တစ်ဦးတည်းသာ ကျန်ရှိနေပါတော့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here