အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံး 

0
95

ဇန်နဝါရီ ၈ ရက်က လက်ဘနွန်တောင်ပိုင်းဒေသကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဂါဇာတိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု တိုးလာခြင်းကို အတိအကျ မသိရဘဲ နောက်ထပ် အရှေ့အလယ်ပိုင်းစစ်ပွဲတစ်ခု ပေါ်ပေါက်လာမယ့်အရေး စိုးရိမ်မှုတွေ မြင့်တက်နေစဉ်အတွင်း နယ်စပ်ဖြတ်ကျော် အပြန်အလှန်တိုက်ခိုက်မှုတွေမှာ ယခုလို ဟစ်ဇ်ဘိုလာတပ်မှူး သေဆုံးခဲ့တာပါ။ 

အမည်မဖော်လိုတဲ့ လက်ဘနွန်လုံခြုံရေး အရာရှိတစ်ဦးရဲ့ အဆိုအရ SUV မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့မှုမှာ နယ်စပ်တစ်လျှောက် စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ လျှို့ဝှက် ဟစ်ဇ်ဘိုလာတပ်ဖွဲ့တစ်ခုရဲ့ တပ်မှူးဖြစ်သူ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

သေဆုံးခဲ့တဲ့ တပ်မှူး ဝစ်ဆမ်အယ်တာဝီဟာ အီရန်ကျောထောက် နောက်ခံပြု လက်ဘနွန်တပ်ဖွဲ့ရဲ့ စစ်မှူထမ်းဟောင်းတစ်ဦးဖြစ်ပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား နောက်ဆုံးစစ်ပွဲ ပေါ်ပေါက်စေခဲ့တဲ့ ၂၀၀၆ ခုနှစ်က အစ္စရေးစစ်သားနှစ်ဦးကို နယ်စပ်ဖြတ်ကျော် ပြန်ပေးဆွဲမှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာအဖွဲ့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။ 

သူဟာ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးနယ်မြေအတွင်း ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် အစပြုခဲ့တဲ့ လက်ရှိဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ စီနီယာအကျဆုံး စစ်သွေးကြွတစ်ဦးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ဘေရွတ်မြို့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ရအပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။

 Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here