ရှမ်းပြည်နယ်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ၁ သန်းခွဲနီးပါးဝင်ရောက်ခဲ့

0
220

ရှမ်းပြည်နယ်သို့ ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီး သွားဧည့်သည် ၁ သန်းခွဲနီးပါးဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ရှမ်းပြည်နယ်)မှ သိရသည်။

ပြည်တွင်းခရီးသွားဧည့်သည် (၁၄)သိန်းနှင့် ပြည်ပခရီး သွားဧည့်သည် (၆)သောင်းဝန်းကျင် စုစုပေါင်း ခရီးသွားဧည့်သည် (၁၅)သိန်းနီးပါး ဝင်ရောက်ခဲ့ပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် လိုင်စင်ရဟိုတယ်စုစုပေါင်း ၄၅၀ ကျော်ရှိပြီး ၃၃၇ လုံးဖွင့်လှစ်ထားကာ အခန်းပေါင်း ၁၆၀၀၀ ကျော်ရှိကြောင်း သိရသည်။

ခရီးသွားဧည့်သည်အများစုသည် ကလော၊ အောင်ပန်း၊ပင်းတယ၊ ရွာငံ၊ တောင်ကြီး၊ အင်းလေးအပါဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် တာချီလိတ်သို့ သွားရောက်လည်ပတ်ကြကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ဦးစားပေးသွား ရောက် လည်ပတ်သင့်သည့် ခရီးစဉ်ဒေသ (၁၄) ခုတွင် ရှမ်းပြည်နယ်ပါဝင်ခြင်းဖြစ်သည်။ 

အဆိုပါ ခရီးစဉ်များသည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီ အပါအဝင် ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နှင့်ပူတာအို ဒေသများကို ညွှန်းဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ခရီးသွားရာသီတွင် ပြည်တွင်းခရီး သွားဦးရေ တသန်းကျော် ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ၃ သန်းကျော်မျှော်လင့်ထား‌ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here