အမြန်လမ်းတွင် (၆) ဘီး ကုန်တင်ယာဉ် (၂)စီး တိုက်မိခဲ့ပြီး အမျိုးသား (၂)ဦး ဒဏ်ရာရ

0
110

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၂/ ၆-၇)ဖာလုံကြားတွင် ဇန်နဝါရီ (၉)ရက်၊ နံနက်အစောပိုင်းက  (၆) ဘီး ကုန်တင်ယာဉ် (၂) စီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။  

အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၀၂/၆-၇) ဖာလုံကြားတွင် ယနေ့ နံနက် (၁) နာရီဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၈)ဦး၊ ပလွေးအမြန်လမ်း ရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၁၁)ဦးနှင့် အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မော င်း(၁)ဦး၊ ယာဉ်နောက်လိုက် (၁)ဦးမှ အဝတ်ထည်များ တင်‌ဆောင်မောင်းနှင်လာသည့် Nissan Condor (၆) ဘီး ကုန်တင်ယာဉ်ကို ပန်းဂေါ်ဖီထုပ်များ တင်ဆောင်ပြီး ယာဉ်မောင်း (၁)ဦး၊ ယာဉ်နောက်လိုက် (၁)ဦး လိုက်ပါလာသော Isuzu Forwoard (၆) ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း အိပ်ငိုက်ပြီး နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။  

ယင်းသို့ ဝင်တိုက်မိရာ Nissan Condor (၆) ဘီး ကုန်တင်ယာဉ်မှာ တစ်ပတ်လည် တိမ်းမှောက်ကာ မြေသားလမ်းပေါ်လဲကျပြီး ဝင်တိုက်သည့် Isuzu Forwoard (၆) ဘီး ကုန်တင်ယာဉ်မှာ လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိပြီးရပ်တန့်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်မှ အမျိုးသား (၂)ဦးမှာ ထိခိုက်မှုမရှိသော်လည်း Isuzu Forwo ard ယာဉ်မှ အမျိုးသား (၂)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိသောကြောင့် ပလွေးအမြန်လမ်း မီးသတ်ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ပြည့်သူဆေးရုံကြီးသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here