ထိုင်းရှိ စက္ကူစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက္ကူကြိတ်စက်ကြိတ်ခံရမှုကြောင့် ‌ေ-သဆုံး

0
149

ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ Khok Phra Tha ဒေသရှိ စက္ကူစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက္ကူကြိတ်စက် အကြိတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Matichon တွင်ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဥ်သည် ယမန်နေ့ ဇန်နဝါရီ (၈) ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် (၃၀) အရွယ်ရှိ မြန်မာအမျိုးသမီး တစ်ဦးဖြစ်ကာ သူမသည် စက်ထဲ စက္ကူထည့်ရသူ ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်အချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား (၃) ဦးရှိကြောင်းနှင့် အလုပ်သမား (၂) ဦး အောက်ထပ်မှာ ရှိနေစဉ် အပေါ်ထပ်မှ စက်လည်သံ မကြားရသည့်အတွက်  စက်ချို့ယွင်းသည် ထင်ပြီး လာကြည့်ရာမှာ မနွေးလှိုင်ရဲ့ ခန္ဓာ ကိုယ်ဟာ စက်ထဲ ကြိတ်မိနေသည်ကို တွေ့ရကြောင်း လုပ်ဖော်ကိုင်ဖက် အလုပ်သမားတယောက်က ဖြေကြားထားသည်။ 

စက္ကူစက်ရုံတွင် လုပ်ငန်းခွင် မတော်တဆဖြစ်ပြီး အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက္ကူကြိတ်စက် ညပ်ခဲ့သည်ဆိုသော သတင်းရရှိသည့်အတွက် Phanat Nikhom ရဲစခန်းမှ တာဝန်ရှိသူများက စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက္ကူကြိတ်စက်ထဲ အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်တစ်ခုလုံး အကြိတ်ခံထားရပြီး ကြေမွနေသည်ကိုတွေ့ရသည့်အတွက် တစစီ ဆွဲထုတ်ကာ အဝတ်နဲ့ ထုတ်ခဲ့ရကြောင်း Phanat Nikhom နယ်မြေရဲစခန်းမှရဲမှုးက ထိုင်းသတင်း ထောက်များကို ပြောသည်။

အဆိုပါ မြန်မာအမျိုးသမီးသည် စက်ရုံတွင် အလုပ်နေသည်မှာ အချိန် တစ်နှစ်နီးပါးခန့်သာ ရှိသေးကြောင်း သိရသည်။

Photo – Matichon


LEAVE A REPLY

Please enter your comment!
Please enter your name here