နောင်ထောဝ်၊ စလောင်းထောင်စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာများ ပို့ဆောင်ထောက်ပံ့

0
219

ဆီဆိုင်မြို့နယ် နောင်ထောဝ်၊ စလောင်းထောင် စစ်ရှောင်စခန်းများရှိ ကရင်နီပြည် (ကယားပြည်နယ်)စစ်ရှောင်များအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO/PNLAက ဇန်နဝါရီ (၈)ရက်တွင် စားနပ်ရိက္ခာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊မိသားစုသုံးပစ္စည်းများကို ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်တွင်း ပြည်ပက အလှူရှင်တွေ နိုင်ငံတကာအလှူရှင်တွေနဲ့ ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့နေရာအထိ သွားရောက် ကူညီနေပ့တယ်။ “ ဟု
PNLO စစ်ရှောင်အရေးဆောင်ရွက်နေသူတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် အခြားစစ်ရှောင်စခန်းများသို့လည်း ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး၊ စစ်ရှောင်စခန်းအသီးသီးတွင် ခိုလှုံနေကြသည့်စစ်ရှောင်ပြည်သူများမှာ သောင်းနှင့်ချီရှိနေခြင်းကြောင့် ပမာဏ အနည်းငယ်သာထောက်ပံ့နိုင်သေးသည်ဟုဆိုသည်။

ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် လူမျိုးမရွေး ဘာသာမရွေး ဝိုင်းဝန်းကူညီပေးကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO/PNLA က နှိုးဆော်ထားသည်။

ပြီးခဲ့သောရက်ပိုင်းကလည်း ဘန်းယဉ် နှင့်နောင်မွန်မြို့ရှိ စစ်ရှောင်စခန်းများသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာများ မိသားစုအသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးနေသော်လည် လိုအပ်ချက်များစွာ ရှိနေကြောင်း ဆိုသည်။

PNLO အခြေပြုဒေသအတွင်း စစ်ရှောင် စခန်း(၁၀)ခုထက်မနည်း ဖွင့်လှစ်ကြိုဆိုထားပြီး၊ အဆိုပါ စခန်းများအလိုက် နီးစပ်ရာဒေသများမှ ရောက်ရှိခိူလှုံလာသူ နေ့စဉ် တိုးပွားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – PNLO/PNLA


LEAVE A REPLY

Please enter your comment!
Please enter your name here