ထိုင်ဝမ်ကျွန်း တောင်ပိုင်းသို့ တရုတ်ဂြိုဟ်တုလွှတ်တင်သည့်ကိစ္စ နိုင်ငံသားများအားသတိပေး

0
125

တိုင်ပေ၊ဇန်နဝါရီ ၉

အင်္ဂါနေ့မွန်းလွဲပိုင်းက တရုတ်ဂြိုဟ်တုတစ်ခု ထိုင်ဝမ်အပေါ်မှဖြတ်သန်းသွားသဖြင့် ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန် လက်ကိုင်ဖုန်းများသို့ သတိပေးချက်များပို့ခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

တရုတ်ဘာသာဖြင့် သတိပေးချက်များအရ “တရုတ်နိုင်ငံသည် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃ မိနစ်တွင် ဂြိုလ်တုတစ်လုံးကိုလွှတ်တင်ခဲ့ရာ ထိုင်ဝမ်တောင်ပိုင်းမှဖြတ်ပျံသွားခဲ့သဖြင့် အမည်မသိအရာဝတ္ထုများတွေ့ခဲ့သည်ရှိသော် သတိထားပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ သတင်းပို့ပါ” ဟုလည်းကောင်း အင်္ဂလိပ်ဘာသာဖြင့်သတိ‌ပေးရာ၌မူ ၎င်းသည် “ထိုင်ဝမ်လေပိုင်နက်မှဖြတ်သွားသည့်ဒုံးကျည်တစ်ခုဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ဖြစ်ကာ သတိထားရန်လိုအပ်သည်” ဟုလည်းကောင်းဆိုထားသည်။

ယခုလို လက်ကိုင်ဖုန်းများသို့ သတိပေးချက်ပေးပို့ခြင်းသည် ထိုင်ဝမ်၌ ပထမဆုံးအကြိမ်ပြုလုပ်ခြင်းမျိုးဖြစ်သည်ဟုလည်းဆိုသည်။

ယင်းနောက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ အင်္ဂလိပ်ဘာသာဖြင့်သတိပေးချက်၌ ဂြိုဟ်တုအစား ဒုံးကျည်ဟု မှားယွင်းဖော်ပြမိသဖြင့် အနူးအညွတ်တောင်းပန်ကြောင်းလည်းဆိုခဲ့သည်။

တရုတ်နိုင်ငံကမူ စီချွမ်ပြည်နယ်ရှိ Xichang ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ၎င်းတို့၏ Einstein Probe ဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံ၏ တရားမီဒီယာဝင် CCTV မှပြောကြားခဲ့သည်။

လက်ရှိအာဏာရပါတီ၏ အတိုက်အခံပါတီတစ်ခုဖြစ်သည့်ကူမင်တန်ပါတီခေါင်းဆောင်ကမူ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မလိုအပ်ဘဲ ပြည်သူများအားအထိတ်တလန့်ဖြစ်စေခဲ့သည်ဟုအပြစ်ဖို့ခဲ့သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here