2024 အဖွင့်ပွဲစဥ်မှာပင် ရှုံးပွဲကြုံတွေ့ရသည့် သက်ထားသူဇာ

0
208

မြန်မာ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် 2024 အဖွင့်ပွဲစဥ်မှာပင် ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပနေသော PETRONAS Malaysia Open 2024 ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း သူမထက် လက်ရည်သာလွန်ကောင်းမွန်သည့် ကမ္ဘာ့အဆင့် (၁၃) ရှိ ထိုင်းကြက်တောင်မယ် Ratchanok Intanon နှင့် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ၂၁ မှတ် ၁၉ မှတ်၊ ၂၁ မှတ်  ၁၀ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး (၃၂) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က နောက်ဆုံးအကြိမ်သတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်က (၄၂) ဖြစ်ပြီး သူမသည် 2024 Paris Olympics ကိုဝင်နိုင်ရန် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here