ကန် ကာကွယ်ရေးဦးစီးချုပ် ဆီးကျိတ်ကင်ဆာ ခွဲစိပ်ကုသမူခံယူ

0
132

ဝါရှင်တန်၊ဇန်နဝါရီ ၁၀

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ပြီးခဲ့သည့်ရက်များအတွင်းက ဆေးရုံတင်ထားရကြောင်းသတင်းများထွက်ပေါ်လာပြီးနောက် ၎င်းအား ဆီးကျိတ်ကင်ဆာခွဲစိတ်မှုအတွက် ဆေးရုံတင်ခဲ့ရခြင်းဖြစ်ကြောင်း ဆရာဝန်များကပြောကြားခဲ့သည်။

၎င်းဆေးရုံတက်နေရသည့်သတင်းအား အိမ်ဖြူတော်နှင့်သက်ဆိုင်ရာသို့ အချိန်နှင့်တပြေးညီအကြောင်း ကြားရန်ပျက်ကွက်ခဲ့သည့်အတွက်လည်း ဝေဖန်မှုများမြင့်တက်လာခဲ့သည်။

အော်စတင်၏ ဆီးကျိတ်ကင်ဆာကို စောစောစီးစီးသိရှိနိုင်ခဲ့ပြီး အခြေအနေကောင်းမွန်သည် ဟု Walter Reed National Military Medical Center မှ ဆရာဝန်နှစ်ဦးက ပင်တဂွန်၏ထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြထားသည်။

မစ္စတာအော်စတင်သည် ဇန်နဝါရီလ ၁ ရက်နေ့က ဆေးရုံတင်ခဲ့ရသော်လည်း လေးရက်ကြာသည်အထိ ပင်တဂွန်ဘက်မှ လူသိရှင်ကြားကြေငြာချက်မထုတ်ပြန်သေးသကဲ့သို့  သမ္မတဂျိုးဘိုင်ဒင်နှင့်ကွန်ဂရက်လွှတ်တော်တို့ကို အကြောင်းကြားရန်လည်းစောင့်ဆိုင်းနေခဲ့သည်ဟုဆိုသည်။

ရီပတ်ဘလီကန်အမတ်အချို့ကမူအော်စတင်အား ရာထူးမှနှုတ်ထွက်ရန် သို့မဟုတ် ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့သော်လည်း အိမ်ဖြူတော်ကကာကွယ်‌ရေးဝန်ကြီးဘက်မှသာရပ်တည်ခဲ့ပြီး ၎င်းအနေဖြင့်လည်းနုတ်ထွက်ရန်အစီအစဉ်မရှိကြောင်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here