အလုပ်ကမ်းလှမ်းစာများအတွက် အချက်အလက်များပေးပို့ရန် ဂျပန်ကုမ္ပဏီ (၄၉၀) ကျော်ကို မြန်မာသံရုံးအသိပေး

0
110

နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများအတွက် အချက်အလက်များ ပေးပို့ရန် ဂျပန်ကုမ္ပဏီ (၄၉၈) ခုကို တိုကျိုမြို့ရှိ မြန်မာသံရုံးကအသိပေးထုတ်ပြန်ထားသည်။

မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ(Demand Letter)တွေကို စီစစ်ဆောင်ရွက်ပေးနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဂျပန်ကုမ္ပဏီများ၏ စာရင်းကို http://www.myanmar- embassy-tokyo.net/2024/DL/DL.htm မှာဖော်ပြထားပြီးယင်းကုမ္ပဏီများအနေဖြင့် Demand Letter head စီစစ်နိုင်ရန် မြန်မာသံရုံးသို့ လိပ်မူ၍ စာတိုက်မှတဆင့်ပေးပို့ရန် အ သိပေးထားခြင်း ဖြစ်သည်။

ထို့အပြင် စီစစ်ပြီးဖြစ်သည့် အလုပ်ခေါ်ယူထားသော လုပ်သားစာရင်းများကို (၁၅) ရက် (၁) ကြိမ်နှုန်း သံရုံး၏ လူမှုကွန်ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် အချက်အလက်များစီစစ်ပြီး မှန်ကန်ပါက ကုမ္ပဏီ စာရင်းများကို အလုပ်သမားဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပြန်လည်ပေးပို့မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here