UFC မှာ လေ့ကျင်နေပြီဖြစ်တဲ့ ကယန်းလက်ဝှေ့မယ် မွေထိုင်းဖိုက်တာ ဘရော်နီကာ

0
110

မြန်မာပြည်ဖွား ကယန်းလက်ဝှေ့မယ် မွေထိုင်းဖိုက်တာ ဘရော်နီကားအနေဖြင့် UFC တွင် လေ့ကျင့်မှုများလုပ်ဆောင်နေသည်ဟု ယမန်နေ့က သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထား သည်။

ဘရော်နီကာအနေဖြင့် လေ့ကျင့်မှုများကို UFC lightweight တန်း၏ kazakhstan နိုင်ငံသား Rafael Fiziev နှင့်အတူလေ့ကျင့်နေသည်ကို အသိပေးထားခြင်းဖြစ်သည်။

“UFC ကိုကြီးနဲ့ training အပြီး ဘာရုပ်တွေလဲ”ဟု စနောက်သည့် သဘောဖြင့် သူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တင်ထားသည်။

ဘရော်နီကာအနေဖြင့် ထိုင်းဘုရင်ဖလား ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးထားသော ပြိုင်ဘက်ကင်း မွေထိုင်းဖိုက်တာတစ်ဦးဖြစ်နေသော်လည်း Thai Fight နှင့်စာချုပ်သက်တမ်းအပြီး One နှင့်လက်တွဲရန်ဆန္ဒရှိနေသည်ဟုလည်းသိရသည်။

သို့သော် သူမကို အားပေးသည့် ပရိတ်သတ်အများစုကမူ လက်ရှိတွင် One နှင့် လက်တွဲရန်ထက် UFC ဖြင့်သာ လက်တွဲသင့်ကြောင့်း ဝေဖန်ပြောဆိုထားသည်။

ဘရော်နီကာအနေဖြင့်  One Championship တွင် မွေထိုင်းကစားနေသောဖိုက်တာများနှင့် ရင်ဘောင်တန်းနိုင်ခဲ့ပြီဖြစ်သော်လည်း One ဖြင့်လက်တွဲမည်၊ UFC ဖြင့်လက်တွဲမည်ဆိုသည်ကို တိတိကျကျ ပြောဆိုထားခြင်းမရှိသေးပေ။

ကယန်းတိုင်းရင်းသူ  မွေထိုင်းလက်ဝှေ့ချန်ပီယံ ဘရော်နီကာသည် ၂၀၂၃ ခုနှစ်အတွက် စူပါဘန်တမ်ဝိတ်တန်း၏ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေ့ထိုင်းကစားသမားထိပ်တန်း (၁၀)ဦးအနက် နံပါတ် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ယင်းအတွက်  World Muay Thai Organization က အသိပေးထုတ်ပြန်ထားခြင်းဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်တွင်လည်း WMO က ချီးမြှင့်ထားသည့် အကောင်းဆုံး အမျိုးသမီးမွေ့ထိုင်းကစားသမားဆုကိုလည်း ရရှိထားသေးသည်။

သူမသည်  Thai Fight ပွဲစဉ်များတွင်နှစ်ပွဲသာ ရှုံးပွဲ ရှိဖူးသေးသော ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးဖြစ်ပြီး၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၂၄)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် Thai Fight Queen’s Cup ဖိုင်နယ် ဗိုလ်လုပွဲတွင်  ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာမယ်ကို  ပထမအချီတွင်ပင် အလဲထိုးအနိုင်ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here