တရုတ် ဂြိုလ်တုကြောင့်  ရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်တွင် လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်

0
133

အရေးကြီးသော သမ္မတရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် တရုတ်ဂြိုလ်တုတစ်လုံးသည် ထိုင်ဝမ်၏တောင်ပိုင်းလေပိုင်နက်အပေါ်မှ  ဖြတ်သန်းပျံသန်းပြီးနောက် ထိုင်ဝမ်အစိုးရသည် ကျွန်းတစ်ကျွန်းလုံးကို လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်ဝမ်ကျွန်းတစ်ဝှမ်းရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုသူတိုင်းသည် “မင်းရဲ့ဘေးကင်းမှုအတွက် သတိထားပါ” ဟူသည့် SMS သတိပေးစာတစ်စောင်စီ လက်ခံရရှိခဲ့ကြသည်။

ထိုသတိပေးချက်နှင့် တပြိုင်နက်တည်းမှာပင် အိုင်းစတိုင်း ပရော့ဘ်(Einstein Probe)အမည်ရှိ ဂြိုလ်တုကို “ပြီးပြည့်စုံသော အောင်မြင်မှု” ဖြင့် လွှတ်တင်ခဲ့ကြောင်း တရုတ် CCTV မှ ကြေညာခဲ့သည်။ အဆိုပါ ဂြိုလ်တုအား တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ ဒေသစံတော်ချိန် ၁၅း၀၃ နာရီတွင် လွှတ်တင်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 

လူဦးရေ ၂၃ သန်းရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းသည် တရုတ်နှင့် အမေရိကန်တို့ အာရှတွင် သြဇာလွှမ်းမိုးနိုင်ရေးကြိုးပမ်းမှုများအကြား ပဋိပက္ခဖြစ်နေရခြင်း၏ အဓိကအချက်တစ်ချက်ဖြစ်သည်။ ယခု တိုင်ဝမ် သမ္မတရွေးကောက်ပွဲသည် ဘေဂျင်းနှင့် ဝါရှင်တန်ကြား ဆက်ဆံရေးလမ်းကြောင်းကို ပုံဖော်နိုင်လိမ့်မည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here