ကရင်နှစ်သစ်ကူး အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန် ခေါ်ပွဲကို (၂) ကြာ ကျင်းပမည်

0
256

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာရှိ နှစ်သစ်ကူးကွင်း၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်‌ခေါ်ပွဲကို ဇန်နဝါရီ (၁၂) ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လက်ဝှေ့ပြိုင်ပွဲတွင် အထူး (၁)ချီ၊ (၂)ချီ ၊ ကြားပွဲ/ ကြားဆိုင်းများနှင့် ကျပ် (၇)သိန်း၊ ကျပ် (၅)သိန်း အောင်လံလုပွဲများကို ဇန်နဝါရီ (၁၂)ရက်မှ ဇန်နဝါရီ (၁၃) ရက်အထိ (၂) ရက်ကြာ ထိုးသတ်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

ဇန်နဝါရီ (၁၂) ရက် ညတွင် လောကွားထူး (တော်ဝင်ရိုးရာ) နှင့် သန်းဦး (အောင်နိုင်သူ)၊ ထွန်းထွန်းနိုင် (ဒေါနတောင်ခြေ) နှင့် စောဒူးဒူး (တော်ဝင်ရိုးရာ)၊ နရားချာ နှင့် သ္ပိင့်ယုင်ဃွာ၊ ငရဲမင်း နှင့် သကြားမင်းတို့မှ ထိုးသတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇန်နဝါရီ (၁၃) ရက် ညတွင် ကြယ်စင်ဖြိုး (အောင်နိုင်သူ) နှင့် ရဲရင့်အောင် (Holly power)၊ ၐုင်ပိုင်  (ဒေါနတောင်ခြေ) နှင့် ထူးစေးဝါး (ရွှေဖူး)တို့မှ ဆက်လက်၍ ထိုးသတ်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဇန်နဝါရီ (၁၂) ရက် ည (၇) နာရီအချိန်က စတင်ပြုလုပ်သွားမည်ဖြစ်ပြီး လက်ဝှေ့ဝါသနာရှင်များအနေဖြင့် အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here