ပြင်းထန်သော ဆောင်းကြောင့် ယူကရိန်းမြို့၊ ရွာ  ၁,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်နေဟုဆို

0
118

ကိဗ်၊ဇန်နဝါရီ ၁၀

ယူကရိန်း၌ ယခုနှစ်ဆောင်းရာသီ၏ ရာသီဥတုဆိုးရွားမှုနှင့် ရုရှား၏တိုက်ခိုက်မှုများကြောင့် စွမ်းအင်ဖြန့်ဖြူးနိုင်မှုလျော့နည်းလာသဖြင့် ပြည်သူများအနေဖြင့် ဓါတ်အားကို ချွေတာသုံးစွဲရန် ယူကရိန်းဓါတ်အားလိုင်းအော်ပရေတာကမေတ္တာရပ်ခံထားပြီး လက်ရှိတွင်မူ နိုင်ငံတွင်းရှိ ဒေသပေါင်း ၉ ကိုးခုမှမြို့ရွာပေါင်း ၁,၀၀၀ ကျော်၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိသည်ဟုလည်းဆိုသည်။

ယခုတစ်ပတ်အတွင်း နိုင်ငံ၏အပူချိန်သည် (- ၁၅ ) ဒီဂရီစင်တီဂရိတ်အထိကျဆင်းသွားသဖြင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်ဟုလည်းပြောကြားခဲ့သည်။

ရာသီဥတုအခြေအနေအရ လေပြင်းတိုက်ခတ်ခြင်း၊ နှင်းခဲများနှင့် ထူထပ်သောရေခဲအလွှာများကြောင့် လျှပ်စစ်ဖြန့်ဖြူးရေးကွန်ရက်များကို သိသိသာသာ ပျက်စီးစေသဖြင့် ပြုပြင်မှုလုပ်ငန်းများကိုနှောင့်နှေးစေသည်ဟုလည်းပြောကြားခဲ့သည်။

အာဏာပိုင်များ၏ပြောကြားချက်အရ လျှပ်စစ်ကေဘယ်လ်ကြိုးများအပေါ်ရှိ ရေခဲထုသည် ၅ စင်တီမီတာအထိရှိသည်ဟုလည်းသိရသည်။

လက်ရှိအချိန်အထိ အိမ်ထောင်စုများနှင့်လုပ်ငန်းများအား ဓါတ်အားအလုံအလောက်ထောက်ပံ့ပေးထားနိုင်သော်လည်း သုံးစွဲမှုမြင့်လာသည်နှင့်အမျှ နည်းပညာနှင့်ခံနိုင်ဝန်အပေါ် ဝန်ကို အခက်အခဲဖြစ်စေမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here